Professional Authors

ခင်ဗျား အတွက် ကျုပ် မှတ်တမ်း

ခင်ဗျားလည်း ငို
ကျုပ်လည်း ပြို
ဒါပေမယ့် ခင်ဗျား ငိုသံ ပဲတင်ထပ်ပါစေ
ကျုပ်ငိုသံ..မကြားစေရ!

ခင်ဗျားလွမ်းချင်သလောက်လွမ်း
တမ်းချင်သလေက်တမ်း
မှန်းပြီးတော့တောင် အရိပ်မဆွေနဲ့
ကျုပ်အလွမ်းတွေ ဖွင့်ချ နိုင်ဖို့
ခင်ဗျားလောက် ဈေး မပေါဘူးဗျ!

ခင်ဗျား….မုန်းချင်သလောက်မုန်း
ကျုပ်တယောက် အပြုံုးမပျက်ဘူး
ပေါ်ပေါ်ထင်ထင် အခြားသူလက်တွဲခဲ့ရက်တဲ့
ခင်ဗျားအတွက်
ကျုပ်ရင်ခွင် ထဲ အငြိုးဖွဲ့တယ်!

D ရင်ခွင် ထဲက
D အချစ် အတွက်
D လူ လဲပြို ကွဲကြေနေတောင်
D အလွမ်း ခင်ဗျားဆီ သဲ့သဲ့မျှ မပါးဘူး
တကယ်ဆို
ခင်ဗျားသိထားဖို့က
ကျုပ်ရင်ခွင် ခင်ဗျားကလွဲ အခြား မထည့်တတ်ပေမယ့်
ခင်ဗျားရင်ခွင် အခြားသူ အစားထည့်ရက်ခဲ့လို့
ရင်ကွဲနာကျ နှလုံးအိမ်..
အဆုံးစွန်ထိ
ကျရှုံးနေပါစေ
ကျုပ် အနာဂတ်တွေထဲက ခင်ဗျားကို
အပြီး
ထုတ်ပယ်တယ်
……………….
ခင်ဗျား ကို ကျုပ်…..
……စိတ်
…………နာ
…………….တယ်။

In: ကဗျာ Posted By: Date: Mar 12, 2011
Comment #1

့အလွမ်းတွေ ဖွင့်ချ နိုင်ဖို့
….. လောက် ဈေး မပေါဘူးဗျ!

မိုး ရဲ့ ကဗျာတိုင်းအရမ်းကောင်းတာပဲနော် …..
ငါ နေ့တိုင်း မိုးရဲ့ ကဗျာတွေကို home page မှာ
ဖတ်ချင်ပါတယ် ။

commentinfo By: ထိုက် at Mar 12, 2011
Comment #2

လုပ်ထား…မိုးရေ…

.ခင်ဗျားလွမ်းချင်သလောက်လွမ်း
တမ်းချင်သလေက်တမ်း
မှန်းပြီးတော့တောင် အရိပ်မဆွေနဲ့
ကျုပ်အလွမ်းတွေ ဖွင့်ချ နိုင်ဖို့
ခင်ဗျားလောက် ဈေး မပေါဘူးဗျ!……စာသားတွေရင်ထဲက..ခုန်ဆင်းပြီးလမ်းလျှောက်ထွက်လာသလိုပဲ….
အားပေးနေပါတယ်……။

commentinfo By: terry at Mar 12, 2011
Comment #3

ရင်ကွဲနာကျ နှလုံးအိမ်..
အဆုံးစွန်ထိ
ကျရှုံးနေပါစေ
မမိုး good နေတာပဲ အားပေးသွားတယ်…

commentinfo By: genius.jinx28 at Mar 12, 2011
Comment #4

D ကဗျာေ၇းတဲ့သူကိုလဲ
D က ကျုပ်က
D ကွန်မန့်လေး ပေးပါတယ်ဗျာ။
D ကနေပဲ သိပ်ကောင်းပါကြောင်း…………………….

commentinfo By: sawral at Mar 12, 2011
Comment #5

မိုး ကဗျာ လေး တွေ ကို ခုလို အားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်
ဒီလို ကွန်မန့်လေးတွေ ကြောင့် ပဲ မိုး ကဗျာလေးတွေ တင်ဖြစ်နေတာပါ

commentinfo By: အသဲကွဲမိုး at Mar 12, 2011
Comment #6

ကောင်းလိုက်တာ အသဲကွဲမိုးရယ် …
အဲဒီလို မာန်တွေ ဘယ်ကများရသလဲ ။
စကားလုံးတွေရဲ့ အမာဓါတ်က
ရင်ထဲတောင် လာပြီး ကူးစက်သလိုခံစားရတယ် ။

Comment #7

D ရင်ခွင် ထဲက
D အချစ် အတွက်
D လူ လဲပြို ကွဲကြေနေတောင်
D အလွမ်း ခင်ဗျားဆီ သဲ့သဲ့မျှ မပါးဘူး
တကယ်ဆို
ခင်ဗျားသိထားဖို့က
ကျုပ်ရင်ခွင် ခင်ဗျားကလွဲ အခြား မထည့်တတ်ပေမယ့်
ခင်ဗျားရင်ခွင် အခြားသူ အစားထည့်ရက်ခဲ့လို့
ရင်ကွဲနာကျ နှလုံးအိမ်..
အဆုံးစွန်ထိ
ကျရှုံးနေပါစေ
ကျုပ် အနာဂတ်တွေထဲက ခင်ဗျားကို
အပြီး
ထုတ်ပယ်တယ်
……………….
ခင်ဗျား ကို ကျုပ်…..
……စိတ်
…………နာ
…………….တယ်။

Comment #8

ခင်ဗျားလည်း ငို
ကျုပ်လည်း ပြို
ဒါပေမယ့် ခင်ဗျား ငိုသံ ပဲတင်ထပ်ပါစေ
ကျုပ်ငိုသံ..မကြားစေရ!

ခင်ဗျားလွမ်းချင်သလောက်လွမ်း
တမ်းချင်သလေက်တမ်း
မှန်းပြီးတော့တောင် အရိပ်မဆွေနဲ့
ကျုပ်အလွမ်းတွေ ဖွင့်ချ နိုင်ဖို့
ခင်ဗျားလောက် ဈေး မပေါဘူးဗျ!

ခင်ဗျား….မုန်းချင်သလောက်မုန်း
ကျုပ်တယောက် အပြုံုးမပျက်ဘူး
ပေါ်ပေါ်ထင်ထင် အခြားသူလက်တွဲခဲ့ရက်တဲ့
ခင်ဗျားအတွက်
ကျုပ်ရင်ခွင် ထဲ အငြိုးဖွဲ့တယ်!

commentinfo By: ဆည်းဆာ(ရဲသူ) at Jul 12, 2011
Comment #9

ဟုတ်…အားပေးမှုအတွက် အများကြီးကျေးဇူးတင်ပါတယ်နော်…..

commentinfo By: အသဲကွဲမိုး at Jul 23, 2011
Comment #10

မိုက်တယ်ဗျာ… တစ်ကယ်မိုက်တယ်… ကြိုက်တယ်…

commentinfo By: htoozawwin at Nov 20, 2011
Comment #11

ခင်ဗျား….မုန်းချင်သလောက်မုန်း
ကျုပ်တယောက် အပြုံုးမပျက်ဘူး
ပေါ်ပေါ်ထင်ထင် အခြားသူလက်တွဲခဲ့ရက်တဲ့
ခင်ဗျားအတွက်
ကျုပ်ရင်ခွင် ထဲ အငြိုးဖွဲ့တယ်!

commentinfo By: Nge at Mar 1, 2012
Comment #12

ကျေးဇူးအများကြီးတင်ပါတယ် အားပေးသွားတဲ့ htoozawwin နှင့် Nge

commentinfo By: အသဲကွဲမိုး at Jun 8, 2012
Comment #13

မိုက်စ့်တရ် ချစ်ဆုံး 😛

commentinfo By: မာန်ခက်ဝင့် at Nov 11, 2012
Comment #14

ကျွန်တော်ဝမ်းနည်းသွားတယ်

commentinfo By: hma at Nov 11, 2012
Comment #15

မိုက်တယ်….ကြိုက်တယ်…

commentinfo By: thulattyar at Nov 11, 2012
Comment #16

ဖတ်သွားပါတယ်
အရမ်းကောင်းပါတယ် မမိုး

commentinfo By: မေပျို at Nov 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment