Professional Authors

ရှင်းပြဖို့မလိုတဲ့ကဗျာ

 

ကဗျာကိုရှင်းပြဖို့ ဘာသာဗေဒမလိုဘူး

ကဗျာကိုရှင်းပြဖို့ အယ်လ်ကိုဟောဓာတ်မလိုဘူး

ကဗျာကိုရှင်းပြဖို့ ကျမ်းကြီးကျမ်းငယ်မလိုဘူး

ကဗျာကိုရှင်းပြဖို့ ယုံကြည်ကိုးကွယ်တာတွေမလိုဘူး

ကဗျာကိုရှင်းပြဖို့ ပညာတတ်ဆိုတဲ့စကားလုံးမလိုဘူး

ကဗျာကိုရှင်းပြဖို့ လူ့အခွင့်အရေးကြေညာစာတမ်းမလိုဘူး

ကဗျာကိုရှင်းပြဖို့ အသည်းကွဲဇာတ်လမ်းမလိုဘူး

ကဗျာကိုရှင်းပြဖို့ စိတ်ကူးယဉ်နွေအိပ်မက်တွေမလိုဘူး

ကဗျာကိုရှင်းပြဖို့ နိမိတ်တွေ၊ သင်္ကေတတွေ၊ ပုံစံကျနမှုတွေမလိုဘူး

ကဗျာကိုရှင်းပြဖို့ ဌာန်၊ ကိုဏ်း၊ ပယတ် (စကားလုံး)တွေမလိုဘူး

ကဗျာကိုရှင်းပြဖို့ ဟောင်းလောင်းဖြစ်နေတဲ့အစာအိမ်မလိုဘူး

ကဗျာကိုရှင်းပြဖို့ ဒေါသထွက်နေတဲ့ လက်တစ်ဖက်မလိုဘူး 

ကဗျာကိုရှင်းပြဖို့ ဘာချစ်သူ..၊ ဘာဆရာ.အဖွဲ့တွေဝင်ဖို့မလိုဘူး 

ကဗျာကိုရှင်းပြဖို့ဆိုရင်…

ခင်ဗျားတို့ကျွန်တော်တို့မလိုဘူး ၊ ကဗျာဆရာတစ်ယောက်လဲမလိုဘူး

ကုန်ကုန်ပြောမယ်ဗျာ…ကဗျာကိုရှင်းပြဖို့ ကဗျာတစ်ပုဒ်လဲမလိုဘူး ။ ။

ဆိုက်ပရပ်စ်လင်း ၂၀၁၄

 

 

 

In: ကဗျာ Posted By: Date: Nov 9, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment