Professional Authors

long distance relationship

ဝေးကွာခြင်းမှာ အတိုင်းအတာရှိပေမဲ့
ချစ်သူ ၂ဦးကြားမှာ အချစ်တွေက
အတိုင်းတာမဲ့တယ်
ရေမြေတွေခြားနေပေမဲ့
ချစ်သူ၂ဦးကြားမှာ နှလုံးသား၂ခုက
ထပ်တူကျတယ်
တခါတရံ စိတ်၏ခံစားရာကပေးလိုက်တဲ့
နားလည်မှုအလွဲတချို့ကို
နားလည်မှုနဲ့ ပြန်တည်ဆောက်တယ်
တနေ့တော့ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့
ချစ်သူ ၂ဦး လက်ချိုးရေတွက်နေခဲ့တဲ့
မနက်ဖြန်များစွာကို
မုန်းတီးလာပေမဲ့ တရက်နှင့်တရက်
နီးစပ်လာတော့လဲ
မနက်ဖြန်တိုင်းမှာ သံယောဇဉ်တွေ
ငြိတွယ်လာခဲ့တယ်
အလွမ်းတွေကို တံတားထိုးရင်
ချစ်သူ၂ဦးရဲ့ ဆုံမှတ် ၁နေရာမှာ
ရောက်ဖို့ လျှောက်လှမ်းလာပေမဲ့
လမ်းတဝက်မှာ ပြုတ်ကျမသွားဖို့
သစ္စာနဲ့ကတိတွေကို ကိုင်ကွယ်ကာ
ဆက်လျှောက်လှမ်းခဲ့တယ်..
ဒီလိုနဲ့…..
တနေ့နေ့တော့ဆိုတဲ့
မျှော်လင့်ချက်လေး
လွင့်မျောမသွားပါစေနဲ့…….

In: ကဗျာ Posted By: Date: Sep 28, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment