Professional Authors

ငြိမ်းပေးလှည့် ပါအုံး ချစ်သူ

 

ငြိမ်းပေးလှည့် ပါအုံး ချစ်သူ

နာကျင်စရာတွေနဲ့ ငါ မွန်းကျပ်နေတဲ့ အခါ

ကမ်းလက်ကိုလှမ်းလို့  ကူပါအုံးချစ်သူ

လောကလမ်းတွေထဲ လျှောက်လှမ်းဆဲ

မျှော်လင့် ချက်တို့ ပြိုလဲ သွားတဲ့ အခါ

ချွေးသိပ် ဖြေသိမ့် စရာ စကားတွေနဲ့ နှစ်သိမ့် ပါအုံးချစ်သူ

တဇွတ်ထိုးဆုံးဖြတ်ချက်တို့ ကြောင့် 

အမှားများနဲ့ ရင်ဆိုင်ကြေကွဲပြိုလဲသွားတဲ့ အခါ

အပြစ်မဆို နှစ်လိုစာနာမှု့ တွေနဲ့ တည့် မတ်ဖေးမပါအုံးချစ်သူ

အဖေါ်မဲ့ နေ့ ညတွေထဲ ဘာလုပ်ရမယ်မှန်းမသိ

စိတ်ဓာတ် အင်အားတို့ ချည့် နဲ့ 

တွေဝေခြင်းတွေ ဖိစီးနှိပ်စက်တဲ့ အခါ

နွေးထွေးတဲ့ အပြုံးတွေနဲ့ အားပေးလှည့် ပါအုံးချစ်သူ

နင့် ကိုသတိ တရ တမ်းတမိတဲ့ အချိန်တိုင်း

တားဆီးထိန်းချုပ်မရ ရင်ထဲပူလောင်နာကျင် ရတဲ့ အခါ

နေသာစေဖို့  အဖြေရှာငြိမ်းပေးလှည့် ပါအုံးချစ်သူ

In: ကဗျာ Posted By: Date: Mar 15, 2011
Comment #1

နင့် ကိုသတိ တရ တမ်းတမိတဲ့ အချိန်တိုင်း

တားဆီးထိန်းချုပ်မရ ရင်ထဲပူလောင်နာကျင် ရတဲ့ အခါ

နေသာစေဖို့  အဖြေရှာငြိမ်းပေးလှည့် ပါအုံးချစ်သူ
………..
အားပေးသွားတယ်..

commentinfo By: အသဲကွဲမိုး at Mar 15, 2011
Comment #2

တစ်ပုဒ်လုံးမိုက်တယ်ကွာ … 😛

commentinfo By: chityellusoelay at Aug 17, 2011
Comment #3

လုံးဝလန်းတယ် အရေးအသားက
ကဗျာကောင်းလေးမို့ ခံစားအားပေးသွားကြောင်းပါ ~~

commentinfo By: X - ray at Jan 19, 2012
Comment #4

oh,,,oh,,,oh,,,,,,,,,,
so much perfect,
really really excellent.
thz so much

commentinfo By: ei lay at Jan 20, 2012
Comment #5

အားပေးသွားကြတဲ့ သူငယ်ချင်းများအားလုံး ကိုကျေးဖူးအရမ်းတင်ပါတယ်ဗျာ ခုမှပြောရတဲ့ အတွက် လဲ တောင်းပန်ပါတယ် ဆက်ပြီးကြိုးစားပါအုံးမယ် ဝေဖန်အာပေးပါအုံး

commentinfo By: Aryone Oo at Feb 21, 2013
Comment #6

2013 hmar yout nay pay me a yin lo a yin tine be khan sarr chat ka ma pyaung par bu shin.

commentinfo By: ei lay at Feb 21, 2013
Comment #7

ကျေးဇူးအထူးပါ

commentinfo By: Aryone Oo at Feb 22, 2013
Comment #8

ဒီကဗျာလေးကိုကျွန်တော်စိတ်ဓာတ်တွေကျနေတဲ့ အချိန် ရေးဖြစ်ခဲ့ တာပါ နားလည်အားပေးမဲ့ ချစ်သူတစ်တေယာက် ရှိရင်ကောင်းမှာပဲ လို့ တောင့် တမိခဲ့ လို့ ပါ

commentinfo By: Aryone Oo at Feb 25, 2013
Comment #9

နင့်ကိုသတိတရတမ်းတမိတဲ့အချိန်တိုင်း
တားဆီးမရရင်ထဲပူလောင်နာကျင်ရတဲ့အခါ…………………..

commentinfo By: laminlay at Mar 10, 2013
Comment #10

u r My world

commentinfo By: ei lay at Mar 10, 2013
Comment #11

အားပေးသွားတယ်နော်
တောင့်တချက်ပြည့်ပြီလားဟင် 🙂

commentinfo By: Phoo mhone at Mar 19, 2013
Comment #12

gout chin nay p
🙁

commentinfo By: ei lay at Mar 19, 2013
Comment #13

နင့် ကိုသတိ တရ တမ်းတမိတဲ့ အချိန်တိုင်း

တားဆီးထိန်းချုပ်မရ ရင်ထဲပူလောင်နာကျင် ရတဲ့ အခါ

နေသာစေဖို့  အဖြေရှာငြိမ်းပေးလှည့် ပါအုံးချစ်သူ

commentinfo By: chawchaw at Mar 20, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment