ချစ်သူခါးခါး
ချစ်သူအလိုကျ အမြဲနေခဲ့တဲ့ငါ့ကို
ဘာကြောင့် နာကျင်မှုတွေသာ
ချစ်သူကပေးချင်ခဲ့တာလဲ !!!!
နာကျင်မှုတွေကိုမြိုသိပ်
ချစ်သူအလိုကျ အမြဲနေခဲ့တဲ့ငါ့ကို
ဘာကြောင့် ဝေဒနာတွေသာ
ချစ်သူကပေးချင်ခဲ့တာလဲ !!!!
ချစ်သူကိုမစွန့်လွှတ်ချင်လို့ နားလည်မှုတွေပေးခဲ့တယ်
ချစ်သူမျက်နှာအလိုကျ အလိုက်သိမှုတွေပေးခဲ့တယ်
နားလည်မှုတွေနဲ့အတူ ချစ်သူဆိုးသမျှသီးခံခဲ့တယ်
ဒါပေမဲ့ ငါ့ကို
ဘာကြောင့် ကြေကွဲမှုတွေသာ
ချစ်သူကပေးချင်ခဲ့တာလဲ !!!!
ငါ့ရင်က ဖြစ်တည်တဲ့အရာထက်
ချစ်သူဖြစ်ချင်တာကိုသာ ဦးစားပေးခဲ့သူပါ
ငါလိုချင်တဲ့အရာထက် ချစ်သူလိုအင်ကိုသာ
ဖြည့်စည်းချင်ခဲ့သူပါ
ငါမျက်နှာငယ်ရမှာထက်
ချစ်သူသိမ်ငယ်ရမှာကို ပိုကြောက်ခဲ့သူပါ
ဒါတောင်ချစ်သူက ဝေခွဲရခက်တဲ့အရာတွေသာ
ဘာကြောင့် ပေးချင်ခဲ့တာလဲ !!!!
ချစ်သူခင်းပေးတဲ့လမ်းတွေကို
ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းခဲ့တယ်
ချစ်သူရဲ့အရိပ်အောက်မှာ
အရာရာကို ရဲဝံ့စွာရင်ဆိုင်
မျှော်လင့်ချက်ပေါင်းများစွာနဲ့
ရှင်သန်နေခဲ့တယ်
ဒါတောင် ဘာကြောင့်ချစ်သူက
ငါ့ရဲ့ မျှော်လင့်ချက်တွေကို
အရောင်မိန်စေခဲ့တာလဲ !!!!
ဘာကြောင့်လဲ ချစ်သူရာ
ဘာကြောင့်လဲဟင် ??
ကြိုးစားပြီးဖြေမရအောင်ကို
မွန်းကြပ်လှပါတယ် ချစ်သူ ,,,,,
အနှိုင်းမဲ့ ချစ်ခြင်းတွေနဲ့
အဆုံးထိ ချစ်ခဲ့ရသူကိုမှ
သနားလို့ စိတ်ကိုအစွန်းဆုံးထိလျော့ချ
ပြန်ချစ်ရပါသတဲ့လား ချစ်သူ
ဘာကြောင့် လွတ်လပ်မှုဆုံးရှုံး
နားလည်မှု မရှိတဲ့ ” ငါ ” လို့
ချစ်သူက ထင်ရက်ပြန်သလဲ !!!!
အော် ,,,,,,
တစ်ကယ်တော့ ချစ်သူဟာ
ချိုမြိန်ခြင်းကင်းတဲ့ အချစ်တွေသာ
ပိုင်ဆိုင်တဲ့သူ ပါလား ။
Comment #3
သူငယ်ချင်း အမှန်တရား တွေသိပ်မပြောနဲ့ ကွာ့
မကောင်းဘူး
By: saw ehdoh at Aug 3, 2010
Comment #8
တိုက်ဆိုင်လိုက်တာ……ကူးသွားတယ်နော်..
By: biebie at Jun 18, 2011
Comment #9
ဒီကဗျာလေးက အဖြစ်အပျက်နဲ့တိုင်ဆိုင်လို့ပါ
By: Cho Zin at Sep 7, 2011
Comment #10
ခေါင်းစဉ် နဲ့ ကဗျာလေးက တယ်လိုက်ဖက်ညီသဗျ !!!!!!!
By: X - ray at Feb 12, 2012
Comment #11
excellent creation,,
lat khoke so tar 2 bet te hma myi dar par naw,,
By: ei lay at Feb 12, 2012
Comment #12
why don’t u understand me?
:'(
:'(
:'(
By: ei lay at Oct 16, 2012




Comment #1
ကဗျာလေးထဲကအတိုင်းဆိုရင်တော့…ယူ့ချစ်သူက ယူ့ကိုတကယ်မချစ်ဘူးလို့တို့ထင်တယ်…….