Professional Authors

Relationship Level 6.0

မလိုလားမှုတွေရဲ့နောက်ကွယ်

ဘာတွေဆက်ဖြစ်မယ် မသိရပေမဲ့

ငါသိတာတစ်ခုက

မင်းကို အဖြူစင်ဆုံးချစ်ခဲ့တယ်..

 

 

ရက်တွေသာ ကြာလာတယ်

အပေါ်ရံ အပြုံးနဲ့ 

သက်ပြင်းအချို့က မကြာခဏ

အိပ်မက်တွေ အရင်လို 

မချိုမြိန်တော့ဘူး။

 

 

ဘယ်အချိန်ကတည်းက

စခဲ့မှန်း မသိပေမဲ့

ဒီလို အခြေအနေမျိုး

ရောက်လာအောင် 

ငါတမင် လုပ်ခဲ့တာတော့မဟုတ်ဘူး။

 

 

မုန်တိုင်းတစ်ခုအတွက် 

ကြိုတင်ပြင်ဆင်နေဆဲပါပဲ

Sorry ပါ

ငါဖြစ်ချင်ခဲ့တာ နင့်ဖုန်းရဲ့

Black List ထဲက နံပါတ် တစ် မဟုတ်ဘူး

Speed Dial ထဲက နံပါတ် တစ်

 

 

ပြောလည်းမထူးတော့တဲ့

စကားတွေအတွက်

ငါဆက်မကြိုးစားချင်တော့ဘူး။

 

 

ဥပ္ခေကာဆိုတာ

မနာကျင်အောင် ကာကွယ်တဲ့

ပစ္စည်းတစ်မျိုးတဲ့

ငါရော သုံးခွင့်ရှိရင် သုံးကြည့်ချင်တယ်

 

 

တကယ်တော့ “ငါတို့” ဆိုတာ

စကားလုံးသက်သက်ဖြစ်နေပါပြီ

လေစိမ်းတွေတိုက်နေတဲ့ နှုတ်ဆိတ်မှုတွေကြား

ငါမရှင်သန်ချင်တော့ဘူး။

 

 

ဘယ်အချိန်ကတည်းက

အသံတိတ်စစ်ပွဲတွေ စနွှဲနေလည်း ငါမသိဘူး.. 

 

ဘယ်အချိန်ကတည်းက

နာကျင်တိုင်း မျက်ရည်မကျတော့လည်း ငါမသိဘူး…

 

ဘယ်အချိန်ကတည်းက

ဖုန်းဆက်မယ်လုပ်ပြီး မဆက်ဖြစ်လည်း ငါမသိဘူး…

 

ဘယ်အချိန်ကတည်းက

တန်ဖိုးအထားဆုံး လူတစ်ယောက်က

ရန်သူဖြစ်သွားခဲ့လည်း ငါမသိဘူး…

 

ဘယ်အချိန်ကတည်းက…

………………………………….

 

ငါသိတာက

နှစ်ယောက်လုံး ဟန်ဆောင်ကောင်းခဲ့တယ်

မပွင့်လင်းမှုတွေနဲ့

နှစ်ယောက်လုံး ဟန်ဆောင်ကောင်းခဲ့ကြပါတယ် ။      ။

 

*Snowflake*

 

22/06/11 (00:35am )

In: ကဗျာ Posted By: Date: Jun 28, 2011
Comment #1

ငါသိတာက

နှစ်ယောက်လုံး ဟန်ဆောင်ကောင်းခဲ့တယ်

မပွင့်လင်းမှုတွေနဲ့

နှစ်ယောက်လုံး ဟန်ဆောင်ကောင်းခဲ့ကြပါတယ် ။ ။

Comment #2

“ရက်တွေသာ ကြာလာတယ်
အပေါ်ရံ အပြုံးနဲ့
သက်ပြင်းအချို့က မကြာခဏ
အိပ်မက်တွေ အရင်လို
မချိုမြိန်တော့ဘူး။”

“ဥပ္ခေကာဆိုတာ
မနာကျင်အောင် ကာကွယ်တဲ့
ပစ္စည်းတစ်မျိုးတဲ့
ငါရော သုံးခွင့်ရှိရင် သုံးကြည့်ချင်တယ်”

အရမ်းကောင်းပါတယ် Snowflake ရေ
အားပေးသွားပါတယ်…။ ။

commentinfo By: ကေသရီ at Jun 28, 2011
Comment #3

ဥပ္ခေကာဆိုတာ

မနာကျင်အောင် ကာကွယ်တဲ့

ပစ္စည်းတစ်မျိုးတဲ့

ငါရော သုံးခွင့်ရှိရင် သုံးကြည့်ချင်တယ်
အားပေးသွားပါတယ်။

commentinfo By: poem.poem28 at Jun 28, 2011
Comment #4

ဘယ်အချိန်ကတည်းက
နာကျင်တိုင်း မျက်ရည်မကျတော့လည်း ငါမသိဘူး…

commentinfo By: rabbit at Jun 28, 2011
Comment #5

really nice.
i like all of ur poems,
i admire u so much.
cos i m still crying whenever i miss.

commentinfo By: eilay at Aug 4, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment