Professional Authors

သူယောင်နေ့များ(မနော်ဟရီ)

ဘာအာမခံချက်တွေမှပေးမထားဘဲ
မနက်ဖြန်တွေကိုပဲ ကျုပ်တို့မျှော်လင့်
အခွင့်အရေးတစ်ခုတလေများ
မျက်စိလည်လမ်းမှား…ပါလာလေမလားလို့…။

မျှော်လင့်ချက်အသစ်စက်စက်တွေနဲ့
စိစိညက်ညက်ကြေနေတဲ့ရင်ခွင်
ဘဝင်များတောင်မြင့်နေသေး
မရောက်လာသေးတဲ့ မနက်ဖြန်ဟာ…
မဟာအခွင့်အရေးသစ်တွေကိုပဲ
ချစ်မြတ်ခွင့်ပေးတော့မယောင်နဲ့…။

တည်းတည်းမျှင်မျှင်ကျန်နေတဲ့
ရှင်သန်နေထိုင်မှုကို
အင်မတန်ထုထည်ကြီးသယောင်ဖန်ဆင်း
ခပ်တင်းတင်းနဲ့…
မနက်ဖြန်တွေကို လိုက်လံခူးဆွတ်နေလိုက်တာ
အရူးအမူးပါပဲ။

မနော်ဟရီ

——————–

Leave Comments

Name*

Email*
Website
Email me whenever there is new comment