Professional Authors

ငါ နဲ့ ငါ

အလွမ်းတွေလား အနမ်းတွေလား
ဒီတစ်ခေါက်ငါ အိမ်ကိုပြန်တော့လမ်းတွေက ကြမ်းလိုက်တာ
အဲဒီလိုဘ၀ ခရီးလမ်းမှာ ဘယ်လိုလူကချစ်သူကို တမ်းတနေမှာလဲ
လွမ်းရပါတယ်ကွာ ဆိုတဲ့ ကဗျာတွေလဲ ငါမဖတ်တော့ဘူး
တစ်ခါတရံမှာ သန်းခေါင်ယံ ကြယ်တွေတောင်
ငါ့ရဲ့ ဂျစ်ပစီညလေးကို အားကျနေတတ်တယ်
လမိုက်ညတွေဟာ ဘယ်လိုပဲကြည့်ကြည့် လှခဲ့တယ်
အမှောင်တွေအလယ်က ငြိမ်းချမ်းမှုကိုရှာတွေ့တော့
နေ့ဘက်တွေဆိုငါ အိပ်စက်လျက်
အဆိပ်တက်နေတဲ့ ငါ့နှလုံးသားကို ဘယ်လိုအရက်နဲ့ပက်ရမလဲ
အကျပ်အတည်းဆိုတဲ့ အခြေနေတစ်ခုမှာ ချစ်သူကို
လှမ်းခေါ်လို့မရ
သေချာတာတစ်ခုကတော့ လူ့ဘ၀ဆိုတာ
ငါ နဲ့ ငါတွေ ချည်းပဲ ပြည့်နက်နေတာ။

In: ကဗျာ Posted By: Date: Jul 6, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment