Professional Authors

ကမ္ဘာကြီးကကျဉ်းကျဉ်းလေးပါတဲ့

ကမ္ဘာကြီးကကျဉ်းကျဉ်းလေးပါတဲ့
ကျွန်တော့်အတွက်တော့ မမှန်ပါဘူးဗျာ
သူ ဘယ်ဆီနေမှန်းမသိတဲ့ ကျွန်တော့်အတွက်ကတော့
သူ့ကိုရှာဖွေတွေ့ဖို့ ကမ္ဘာကြီးက ကျယ်လွန်းနေတယ်…

ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါတဲ့
ကျွန်တော့်အတွက်တော့ မမှန်ပါဘူးဗျာ
သူပြောတဲ့ သူ့နာမည်သုံးလုံးသာ သိတဲ့ ကျွန်တော့်အတွက်
သူ့ကိုရှာဖွေတွေ့ဖို့ ကမ္ဘာကြီးက ကျယ်လွန်းနေတယ်…

ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါတဲ့
ကျွန်တော့်အတွက်တော့ မမှန်ပါဘူးဗျာ
သူ့ကိုမမြင်ဖူးတဲ့ ကျွန်တော့်အတွက်
သူ့ကိုရှာဖွေတွေ့ဖို့ ကမ္ဘာကြီးက ကျယ်လွန်းနေတယ်…

ကမ္ဘာကြီးက ကျဉ်းကျဉ်းလေးပါတဲ့
ဒီတစ်ခါတော့ ကျွန်တော့်အတွက် မှန်သွားပြီ
ကျွန်တော်လို ရူးကြောင်ကြောင် အချစ်သမားအတွက်
နေစရာနေရာမရှိဘူးဖြစ်နေတယ်…

In: ကဗျာ Posted By: Date: Nov 30, 2011
Comment #1

mike de kwar..
lone wa heart hti twar p.
special perfect.

commentinfo By: ei lay at Nov 30, 2011
Comment #2

ကမ္ဗာကြီးကကျဉ်းတယ်တဲ့
ဒါအမှန်ပဲလားချစ်သူရယ်

commentinfo By: ei lay at Mar 17, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment