Peace began with smile
ငြိမ်းချမ်းရေးဆိုတာ အပြုံးက စတင်တယ်တဲ့
မမျှော်လင့်တဲ့ နေ့ရက်တွေထဲ
ခလုတ်တိုက်ရင်း တွေ့ခဲ့မိတဲ့
အပိုင်းအစလေးက အပြုံးတွေ ဝေဆာလို့
ခံစားချက်တွေ တုန်လှုပ်သွားခဲ့တယ်
အဲဒီနေ့က ငြိမ်းချမ်းရေးလား စဉ်းစားကြည့်….။
ရုတ်တရပ်နဲ့ ခရီးတစ်ခုကိုရောက်ခဲ့
မှတ်တိုင်မဲ့တဲ့ လမ်းတစ်ခုမှာ
ပြေးလမ်းကို လှည့်ကြည့်မိတော့
အပြုံးတစ်ခုက မျက်ဝန်းအိမ်ထဲ
ညှို့ငင်ဖမ်းစား အနိုင်ယူသွားတာ
အဲဒါတွေက ငြိမ်းချမ်းရေးလား စဉ်းစားကြည့်…။
စိတ်ဓာတ်တွေ တက်ကြွထက်သန်လို့
ကိုယ်သန်ရာ အလုပ်တစ်ခုကို
ခွန်အားတွေနဲ့ အားထုတ်ရင်း
ဘဝတကွေ့ကို ဖြတ်သန်းခိုက်
ထာဝရ မမေ့နိုင်တဲ့ အပြုံးတစ်ပွင့်က
အဝေးက လေလွင့်ရင်း
မျက်ဝန်းအိမ်ထဲ ဖမ်းစားအနိုင်ယူသွားခဲ့..
အဲဒီအရာတွေက ငြိမ်းချမ်းရေးလား စဉ်းစားကြည့်….။
အပြုံးတွေသာ ရင်ထဲမှာ စွဲငြိ
ငြိမ်းချမ်းခြင်း မရှိခဲ့သေးတဲ့
ဖဲမွေ့ရာထက်မှာ အိပ်ပျော်ရင်း
ဝေဒနာ ခရီးတစ်ခုကို
နာကျင်စွာ ဆက်လက် လျှောက်လှမ်းခဲ့
မသေချာသေးတဲ့ ရှာဖွေခြင်းတွေက
နှလုံးအိမ်ကို ရိုက်ခွင်းချေဖြတ်ရင်း
တပ်မက်မိခဲ့တဲ့ ငြိမ်းချမ်းရေးအပြုံးတစ်ပွင့်ကို
မျှော်လင့်တမ်းတ လွမ်းရတာပဲ လက်ကျန်ဖြစ်ခဲ့ပြီ…။
နောက်ဆုံးတော့…
ငြိမ်းချမ်းခြင်းက အစွဲအလန်းတွေကို
ဖိတ်စာအိတ်ထဲ ခေါက်သိမ်းခဲ့
ထင်ကျန်ခဲ့တဲ့ အတိတ်အပိုင်းစတွေကို
စာချုပ် ချုပ်ဆိုရင်း အခမ်းနားပွဲတက်လို့
ချို့ယွင်းချက် မရှိတဲ့လုပ်ရပ်တွေနဲ့
နှစ်ကိုယ်တူ လွမ်းဆွတ်ခြင်းတွေ
ငြိမ်းချမ်းရေး တောင်းဆိုရင်း
အပြုံးတွေ ကိုယ်စီ ဝေဆာခဲ့ပြီ….။
ကိုယ်စီ နားလည်မှု ကိုယ်စီ အသိတရားများ
ကိုယ်စီ ကြင်နာမှု ကိုယ်စီ ချစ်ခြင်းတွေက
ငြိမ်းချမ်းရေး စတင်တဲ့ အပြုံးတွေပါ…။
တက္ကသိုလ်မြတ်မင်း
Comment #2
ကိုယ်စီ နားလည်မှု ကိုယ်စီ အသိတရားများ
ကိုယ်စီ ကြင်နာမှု ကိုယ်စီ ချစ်ခြင်းတွေက
ငြိမ်းချမ်းရေး စတင်တဲ့ အပြုံးတွေပါ…။
By: May Kha at Dec 15, 2011
Comment #5
excellent
By: ei lay at Jun 28, 2012
Comment #6
Peace
By: ei lay at Oct 4, 2012
Comment #7
f.e.e.l.a.g.a.i.n.
By: ei lay at Mar 2, 2013
Comment #8
🙂
By: ei lay at Apr 8, 2013




Comment #1
he,,he,,
thz so much.
ei lay ne tu tu be phyit twar loh.
ever peace,,,,never heat,,,,