Professional Authors

မုန်းမိတယ်

ဝတ်ရုံနက်နက်လွှာခြုံထားတဲ့
ညမှောင်မှောင်တွေ
တစ်ယောက်တည်းကျော်ဖြတ်
တစစ်စစ်နဲ့နာကျင်လာခဲ့တဲ့နှလုံးသား
မျက်ရည်တွေသီကုံးပြီးလည်မှာပန်ဆင်မယ်
အချစ်ကိုကိုးကွယ်ခဲ့မိလို့အမုန်းတွေကိုရှာဖွေတွေ့ရှိခဲ့
အချစ်နဲ့တည်ဆောက်ခဲ့တဲ့ဘ၀ရဲ့အသက်ရှင်နေထိုင်မှု
နှလုံးသားနဲ့အသက်ရှုတဲ့
ငါးတစ်ကောင်ထက်မိုက်မဲရာကျနေမလား
အလကာင်္တွေနဲ့ဖွဲ့တည်ခဲ့တဲ့
ရင်ခုန်သံ
ချိုမြမြအကြင်နာသံစဉ်တွေနဲ့ရူးမိုက်စွာပျော်ရွှင်ခဲ့မိ
ထားရစ်ခံခဲ့ရတဲ့ဘဝ
သစ္စာတွေမေတ္တာတွေပျောက်ရှလို့
မုန်းပင်စိုက်ပျိုးရှင်သန်ခဲ့
နောင်ဘ၀ဆိုတာရှိခဲ့ရင်
အချစ်ကင်းမဲ့သောပတ်ဝန်းကျင်မှာသာ
ရှင်သန်ခွင့်ရပါရစေသား။

In: ကဗျာ Posted By: Date: Jul 23, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment