အချစ်ကိုအလွဲသုံးစားမလုပ်နဲ့ (ဒီတူးဆစ်တောင်ငူ)
အချစ်ကိုအလွဲသုံးစားမလုပ်နဲ့ (ဒီတူးဆစ်တောင်ငူ)
ကောင်မလေး
ချစ်တာကိုအပြစ်ပါလို့ငါမပြောဘူး
ဒါပေမဲ့ …..
အနှစ်မပါတဲ့အချစ်က
အမြစ်မပါတဲ့သစ်ပင်လို
ဘယ်ရှင်သန်နိုင်မှာလဲ
တစ်ကယ်တော့…..
အချစ်က
ရူးသွပ်စေအောင်မလုပ်ခဲ့ဘူး
မင်းတို့ကသာအချစ်ကိုကစား
အနိုင်အရှုံးနဲ့ဆုံးဖြတ်
ဘ၀ချင်းထပ်ပြီးလောင်းခဲ့ကြတာပါ….
အချစ်မှာအတ္တမရှိဘူး
အချစ်ကိုသာ
အတ္တတကြီးနဲ့မင်းတို့သိမ်းပိုက်ချင်ခဲ့တာ …..
ချစ်ကမလှည့်စားဘူး…..
မင်းတို့ကသာအချစ်ကို လှည့်စား
သီအိုရီတွေပြောင်းလဲစေခဲ့တာပါ…
ခုမြင်ခုကြိုက်
ခပ်မိုက်မိုက်အတွေးနဲ့
ချစ်ရတာစိတ်ညစ်တယ်လို့လာမပြောနဲ့…
အနှစ်မပါတဲ့ မင်းအချစ်တွေကိုသာစွှန့်ပစ်
ပြီးရင်……
မင်းနှလုံးသားကိုပြန်ကြည့်
ငြိမ်းချမ်းမှုအတိရှိလိမ့်မယ်….
(ဒီတူးဆစ်တောင်ငူ)
Comment #2
nice poem
By: ei lay at Mar 6, 2012
Comment #3
right
right
right
By: ei lay at Aug 1, 2012
Leave Comments
Email me whenever there is new comment
Copyright © 2022 PoemsCorner. All rights reserved. Terms of Service
Comment #1
အနှစ်မပါတဲ့ မင်းအချစ်တွေကိုသာစွှန့်ပစ်
ပြီးရင်…
မင်းနှလုံးသားကိုပြန်ကြည့်
ငြိမ်းချမ်းမှုအတိရှိလိမ့်မယ်…