Professional Authors

“ကိုယ့်ချစ်ခြင်းတွေ Soul Mate လေး သိပါစေ”

“ကိုယ့်ချစ်ခြင်းတွေ Soul Mate လေး သိပါစေ”

ပြဿဒါးလို့ ကြားတာနဲ့
ရင်ခွင်တစ်ပါးသို့ ခုန်ပေါက်ပြေးထွက်မယ့် ….
မိန်းမတွေထဲ
ကိုယ် မပါဘူး ချစ်ရဲ့…..။

အချစ်ကို ဘ၀နဲ့ မရောယှက်ပါဘူးကွယ်….
နှလုံးသားရဲ့ ခွန်အားတွေနဲ့ ကံကြမ္မာကြီးကိုရင်ဆိုင်ကြမယ်….
ပြုံးရယ် လှည့်ပါ ချစ်ရယ်
မုန်တိုင်းပြီးရင် လေပြည်တွေ လာလိမ့်မယ်…။

ကိုယ့်တစ်နေ့တာ ၀တ္တရားထဲ….
မင်း ပြိုလဲကျချိန် ထူမပေးဖို့
ချစ်သူ ပီသလိုတဲ့ အတ္တတွေ နေရာယူထားတယ်….။
ချစ်၍လည်း စွန့်မသွားပါနဲ့ ချစ်ရယ်
ကိုယ်ကတော့ “မောင့်လပြည့်ဝန်း…” စာသားလိုမျိုး
စွန့်၍လည်း ချစ်မသွားနိုင်ပါဘူးကွယ်…။

တစ်ကိုယ်ရည် မခံစားပါနဲ့လား ချစ်ရယ်
ဝေဒနာတွေ ကူသယ်ယူပေးဖို့ ကိုယ် မင်းရဲ့ဘေးမှာ ရှိနေပါတယ်
မထိုက်သင့်ဘူး အတွေးတွေ ဘေးဖယ်ပါကွယ်
မင်း အရမ်းချစ်ခဲ့တဲ့ ကိုယ်လေ…
မင်းနဲ့ အမြဲတမ်း ချစ်ခင်ကြင်နာသွားချင်တယ်….

တွဲလက်ကို နောက်ထပ် မဖြုတ်ချနဲ့တော့ချစ်
ကိုယ် အစွမ်းရှိသလောက်
မင်းအတွက် အလင်းလေးတွေ ထွန်းညှိပေးချင်တယ်…
ပေးဆပ်ခွင့်ပြုပါကွယ်
ကိုယ်ဟာ မင်းရဲ့ ရှင်သန်ခြင်းတွေထဲ စိမ့်ဝင်ဖို့သက်သက်
မနက်ဖြန်တွေကို အသက်ဆက်နေသူဖြစ်တယ်….။

အလွမ်းကေသရီ

In: ကဗျာ Posted By: Date: Mar 11, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment