ငါမငိုတော့ဘူးကွယ်…..။
ယုံကြည်မှုတစ်ခုဟာ….
အမှန်တရားအဖြစ် ပြောင်းလဲသွားမယ်ဆိုရင်
ငါ မငိုတော့ဘူးကွယ်….
နင် ငါ့ကို တကယ်ချစ်လိမ့်မယ်….။
သတိရမိခြင်းတွေဟာ
ထပ်တူညီမှုတွေ ဖြစ်ပွားခဲ့မယ်ဆိုရင်
်ငါမငိုတော့ဘူးကွယ်…
နင် ငါ့ကို သိပ်လွမ်းနေလိမ့်မယ်….။
နားလည်ပေးရခြင်းတွေဟာ
ရင်တွင်းက ချစ်ခြင်းတွေကို ဖော်ပြခဲ့မယ်ဆိုရင်
ငါမငိုတော့ဘူးကွယ်…
နင် ငါ့ကို စာနာပေးလိမ့်မယ်….။
နှုတ်ဆိတ်စွာ နေတတ်ခြင်းတွေဟာ
အရှုံးပေးနေခြင်းကို ၀န်ခံကြောင်း သိသာစေခဲ့ရင်
ငါမငိုတော့ဘူးကွယ်…
နင်ငါ့ကို တစ်ဘ၀စာ ကြည်ဖြူနိုင်လိမ့်မယ်…။
ဒါပေမယ့်…..
စတေးခဲ့ရခြင်းများစွာဟာ
နင့်အတွက် ဘာမှ ရသမမြောက်ခဲ့ရင်တော့
ငါမငိုတော့ဘူးကွယ်…
နင် ငါ့ရဲ့အဝေးမှာ လွတ်လပ်စွာ ပျော်ရွှင်နေလိမ့်မယ်…..။
Comment #3
Nice တယ် Great တယ် ကဗျာက
ဖတ်သွားပါကြောင်း ~~
By: X - ray at Mar 11, 2012
Comment #5
စတေးခဲ့ရခြင်းများစွာဟာ
နင့်အတွက် ဘာမှ ရသမမြောက်ခဲ့ရင်တော့
ငါမငိုတော့ဘူးကွယ်…
နင် ငါ့ရဲ့အဝေးမှာ လွတ်လပ်စွာ ပျော်ရွှင်နေလိမ့်မယ်…..။
မမကေ
STOP LOVING !!!!! အဲလိုပဲပြောလိုက်တော့မယ်…. ပျော်ပျော်နေပါဗျာ
ပျော်စေချင်ပါ၏
By: အသဲကွဲမိုး at Mar 12, 2012
Comment #7
ခံစားအားပေးသွားပါဧ။်…
မငိုပါနဲ.တော.ကွယ်……
By: ဇေ၀သုန် at Apr 27, 2012
Comment #8
ငါမငိုတော့ဘူး …….. နင့်အတွက်ပါကွယ်..
By: htatmyataung at Aug 28, 2012




Comment #1
အားပေးသွားပါတယ် မမကေ
ပျော်ရွင်ပါစေ