ကိုယ်….ဖြစ်ချင်တာ
ချစ်သူ…..
မင်းရဲ့ အိပ်ဆောင်ရှေ့မှာ ဂစ်တာလာတီးပြီး
သီချင်းဆိုသိပ်ချင်တယ်……
ချစ်သူ…….
မင်းထမင်းစားတဲ့အခါ…..ဘေးမှာဂရုတစိုက်လေး
ထိုင်ကြည့်နေချင်တယ်……
ချစ်သူ……
ကိုယ်…ချစ်လို့ပြောတဲ့စကားတစ်ခွန်းကို
ပြန်နွေးထွေးစေချင်တယ်……
ချစ်သူ…….
မင်းအိပ်နေတဲ့အချိန်…..တိတ်တိတ်လေးလာပြီး
ခိုးနမ်းချင်တယ်…….
ချစ်သူ……
မင်းဖိနပ်လေးဟောင်းနေပြီ ……လှလှလေးလိုက်ရှာ
မသိမသာပေးချင်မိတယ်…….
ချစ်သူ……
မင်းအိပ်မရတဲ့ညတွေတိုင်း……အိပ်ဆေးခိုးထည့်ထားတဲ့
ကော်ဖီတစ်ခွက်လောက်ခိုးတိုက်ချင်တယ်
ချစ်သူ…….
မင်းစားချင်တဲ့ချောကလတ်လေးတွေ…အများကြီး
ပေးထားချင်တယ်
ချစ်သူ…….
မင်း…အသိမိတ်ဆွေတွေနဲ့စကားပြောတိုင်း
ကိုယ်ဟာမင်းချစ်သူပါဆိုမိတ်ဆက်ချင်တယ်
ချစ်သူ……..
မင်းကိုချစ်တဲ့သူတိုင်းက…ကိုယ်နဲ့မင်းကို
သဘောတူလက်ခံစေချင်တယ်
ချစ်သူ……..
မင်းနေမကောင်းဖြစ်တဲ့အခါ…..နွေးနွေးထွေးထွေးလေး
ဆေးလာတိုက်ချင်တယ်…..
ချစ်သူ……
မင်းရယ်နေတဲ့အချိန်….ဗိုက်အောင့်မှာဆိုးလို့
သတိလာပေးနေချင်တယ်…..အရမ်းမရယ်မိအောင်ပေါ့
ချစ်သူ…….
မင်း ကိုယ့်ကိုသတိရနေတဲ့အချိန်လေး…..တစ်ခါတစ်ခါ
လိုချင်မိတယ်
ချစ်သူ……..
ကိုယ်လွမ်းသလောက်မလွမ်းချင်နေပါ……ကိုယ့်ကိုမမေ့ရင်
ကိုယ်ပျော်ပါတယ်……
ချစ်သူ……..
မင်းစိတ်ညစ်နေတဲ့အချိန်…….၀မ်းနည်းနေတဲ့အချိန်
နှစ်သိမ့်ပေးချင်တယ်….
ချစ်သူ…….
တစ်ခုပဲ……စိတ်မကုန်သွားပါနဲ့…….
ပစ်ချမထားခဲ့ပါနဲ့……..
ရှေ့မှာကြည့်စမ်း……ကိုယ်တို့အနာဂတ်…..
ရေးရေးလေးတော့မြင်မိကောင်းပါရဲ့………
သံယောဇဉ်ဆိုတဲ့ကြိုးတွေချည်နှောင်လို့
ရုန်းမထွက်သွားပါရစေနဲ့…….
အမြဲတမ်း
မင်းအနားမှာပဲ နေပါရစေ………
Comment #2
ချစ်သူ…….
မင်း…အသိမိတ်ဆွေတွေနဲ့စကားပြောတိုင်း
ကိုယ်ဟာမင်းချစ်သူပါဆိုမိတ်ဆက်ချင်တယ်
အားပေးသွားတယ်
By: Village chat kyi at Jul 23, 2011
Comment #3
he.he,,
lone wa mike de.
like so much.
i wish i had….
he..he..
By: ei lay at Jul 23, 2011
Comment #5
u r welcome
By: ei lay at Nov 16, 2011
Comment #6
tay loh ya de kwar,,ha,,ha,,
ko khant naung ye sate ku yin phan te hmu tway ko a yan kyike de,,
ei lay 1 ke lo chin dar,,
By: ei lay at Feb 14, 2012
Comment #7
read & feel again
😛
By: ei lay at Jul 24, 2012
Comment #8
A kyin nar a hman sit yin a twar ne a pyan Shi me.
Ta nae nae pop…
By: ei lay at Oct 3, 2012
Comment #9
Only dream.
!__!
By: ei lay at Nov 26, 2012
Comment #10
7 times comments
With lots of dreams.
!__!
!__!
!__!
By: ei lay at Jan 17, 2013
Comment #11
🙂
By: ei lay at Mar 10, 2013




Comment #1
ရှေ့မှာကြည့်စမ်း……ကိုယ်တို့အနာဂတ်…..
ရေးရေးလေးတော့မြင်မိကောင်းပါရဲ့………
သံယောဇဉ်ဆိုတဲ့ကြိုးတွေချည်နှောင်လို့
ရုန်းမထွက်သွားပါရစေနဲ့…….
အမြဲတမ်း
မင်းအနားမှာပဲ နေပါရစေ………