Professional Authors

ကိုယ် အရှုံးပေး/အနိုင်ရ လိုက်ပါပြီကွယ်

ကိုယ် အရှုံးပေး/အနိုင်ရ လိုက်ပါပြီကွယ်

မခံစားနိုင်ပေမယ့် ကိုယ်ခံစားလိုက်ပါတယ်
မထားခဲ့နိုင်ပေမယ့် ကိုယ်ထားသွားလိုက်ပါမယ်
သီချင်းတွေလည်း ထပ်မလိုတော့တာ
ကိုယ်ရဲ့ စိတ်ယားယံမှု့တွေလည်း ထပ်မဖြစ်တော့မှာ
ကိုက်ခဲမှု့တွေကိုလည်း ကိုယ်အပြုံးမပျက်ပဲ ကြည့်မိတော့တယ်

မုန်းယိုနာကျင်နေတဲ့ အရူးတယောက်လို
ကိုယ့်ကိုသဘောထားကြည့်မယ် မျက်ဝန်းတွေ လည်း ကိုယ်ကြိုဆိုပါတယ်ပေါ့
ဘယ်လိုသဘောထားမျိုးနဲ့ ကိုယ့်ကိုတက်နင်းလည်း ရပါတယ်ပေါ့
ကိုယ့်အားနည်းချက်တွေကိုရယ်ပြီး ဘယ်လိုနာမည်ပဲတပ်တပ် ဖြစ်ပါတယ်ပေါ့
ကိုယ်လူ့အဖွဲ့အစည်းအကြောင်း
သိပ်မတွေး တတ်/ချင် ပါဘူး
ကိုယ်လူတွေနဲ့ စကားပြောရခက်နေတာ ကိုယ့်ငြီးငွေ့မှု့ကြောင့်လား….
ကိုယ့်ကြောက်ရွံမှု့ကြောင့်လား…
ကိုယ်အချိန်တိုင်း အိပ်ချင်နေတာ ရောဂါ တခုခုကြောင့်ပဲတဲ့
တခါတလေတော့ ကိုယ်မပြောတဲ့ စကားတွေ ကိုယ်ပြောရတာကိုပျော်လို့
ကိုယ်ပြောလို့ရသမျှ စကားအကုန်လုံးက ကိုယ်ဘာမှမပြောတော့တာပဲပေါ့
ကိုယ်ဘယ်သူ့ဆီမှ မသွားခဲ့သလိုတယောက်ယောက် ကိုယ့်ဆီ လာဖို့လည်း မမျှော်ဘူးလေ
ကိုယ်လည်းရှင်သန်ဖို့အတွက်သေနေတာပါပဲ ဒါကြောင့် ကိုယ်သေပြီးရင်တော့ ရှင်သန်မှာပါ

အားးးးး ကိုယ့်ခေါင်းတွေ တကယ်မခံနိုင်တော့ဘူး
အသိရှိနေသေးရဲ့လား ပြန်စမ်းလို့မရတော့ဘူး
ကိုယ်သတိရသလောက်တော့ ချရေးလိုက်ပါတယ်
မခံစားနိုင်ပေမယ့် ကိုယ်ခံစားလိုက်ပါတယ်
မထားသွားနိုင်ပေမယ့် ကိုယ်ထားသွားလိုက်ပါတယ်

မြေနံ့

In: ကဗျာ Posted By: Date: Mar 14, 2013
Comment #1

khan sarr chat myar ko arr pay twar par de.

commentinfo By: ei lay at Mar 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment