Professional Authors

ကိုယ့်အဆင့်နဲ့ကိုယ်

လူတကာ..မော်ဖူးတိုင်းလဲ …. ဘုရားလို့ ထင်မနေနဲ့

လေးစားညွတ်တွား…တိုင်းလဲ…ဆရာမဖြစ်ဘူး

ကိုယ့်အဆင့်နဲ့ကိုယ်။

အယောင်ဆောင်တပည့်တွေရှိလို့…

ဆရာအတုတွေပေါ်လာတာ

တပည့်အစစ်တွေခွေးဖြစ်

ဆရာ အစစ်တွေ ခွက်ဆွဲခဲ့ရတာ။

 

အနေချောင်လို့ အာချောင်နေတာမဟုတ်ဘူး

စိတ်ရှိတိုင်း ပြောမယ်ဆို

မင်း ဒီကမ္ဘာမြေက ပျောက်ကွယ်သွားတာ

ရာစုနှစ် ထောင်ချီနေပြီ။

ကိုယ့်အဆင့်နဲ့ကိုယ်။

 

စိတ်တိုင်းကျ လုပ်ခွင့်ပေးထားလို့

လက်ခုပ်ထဲက ရေလို့တော့မထင်လိုက်နဲ့

ဆူးတချောင်း အဖြစ် ခဏအတွင်း

အသွင်ပြောင်းလိုက်လို့ရတယ်

ကိုယ့်အဆင့်နဲ့ကိုယ်။

 

ပိုက်ဆံနောက်လိုက်ရင်း

ဘ၀ပျက်သူတွေကို အသည်းနာတယ်..ဟုတ်လား

အသည်းနာတယ်လို့ပြောရင်း

ဘ၀ပျက်ခဲ့သူတွေ ဒုနဲ့ဒေး။

အဖြေက ကိုယ့်အဆင့်နဲ့ကိုယ်။

 

ေXာက်ပျင်းထူတိုင်း…လူပျင်းလို့မသမုတ်နဲ့

ေXာက်ပျင်းဆွဲလို့ရအောင်..သူ့မှာ အခြေအနေတွေ

ဖန်တီးပေးထားတယ်။

တံတွေးကို လှန်မထွေးနဲ့

မင်းပဲ…ငိုကြွေးနေရလိမ့်မယ်။

 

သူစည်းကိုယ့်စည်းကျော်ဖို့

စဉ်းစားမိလိုက်တိုင်း

ကိုယ့်ကိုကိုယ့်သတ်နေချင်လောက်အောင်

ဖြစ်သွားလိမ့်မယ်

ကိုယ့်အဆင့်နဲ့ကိုယ်။

 

 မိန်းမ ကိစ္စစိတ်ဝင်စားတိုင်း

နှာဘူးထတာ မဟုတ်ဘူးလို့

နှစ်ရှည် အာခံပုန်ကန်နေသူတွေကို

ဒီနေရာကနေ အလေးပြု ဦးညွတ်လိုက်တယ်။

 

မသိချင်ယောင်ဆောင် ပေးမယ့်လူတယောက်

မကြားချင်ယောင်ဆောင်ပေးမယ့်လူတယောက်

ဒီကမ္ဘာမြေပေါ်မှာ မွေးဖွားခဲ့တာ

၂၁ ရာစုအစောပိုင်းကတည်းကပါ။

 

 

FiйaL⎝⋋⏝⋌⎠mUtaTioй

 3:00 pm

16.Feb.2011

In: ကဗျာ Posted By: Date: Apr 20, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment