Professional Authors

ချစ်သော ဒိုင်ယာရီ.. (Dear diary)

ချစ်သော ဒိုင်ယာရီရေ…

ဤတစ်နေ့၌
ဝေဒနာအသစ်ထင်ကျန်ရစ်သို့
ရင်ခုန်စည်းချက်လှုပ်ရှားရစ်ခဲ့
လွမ်းမောနွမ်းလျ သက်ပြင်းချရ
ဝမ်းသာသည်မဟုတ် ၀မ်းနည်းသည်မဆို
ခံစားချက်တစ်မျိုး လှစ်ဟာတိုးခဲ့
ကိုယ်ကိုကိုယ်လည်း မုန်းမိရဲ့လေ။ ။

ဒသနကို ကဗျာရွတ်
ဘ၀ကို မုန်းတဲ့သူ
အရောင်တွေကင်း နုဖူးစဉ်ပင်
သိုးမည်း သဏ္ဍာန် ဆိုးမိုက်တဲ့လူ
နှောင်းခဲ့အတိတ် ခြောက်နှစ်ဆီက
တွယ်တာစိတ်စွဲ ရူးခဲ့ဖူးသူ
လူချင်းတော့မနီး စိတ်လည်းဝေးပြီး
သတင်းသဲ့သဲ့သာ ကြားခွင့်ရသူ
မျက်နှာလွဲ ဥပက္ခာမြဲ့ရမည့်သူ
မမေးသင့်မထူးသင့်တော့သူနဲ့
၆ရက် ၃လ လမိုက်ညမယ်
စကားဖောင်ဖွဲ့ပြောမိခဲ့တယ်
ပစ္စုပ္ပန်ရဲ့ အကြောင်းတွေပေါ့။ ။

အတိတ်ပန်းချီ အစပြန်ခြယ်သ
အလွမ်းဗလပွနဲ့ ကြင်နာစိတ်ပို
ယုယလိုခြင်းမဟုတ်
အသည်းခြင်းနီး ချစ်ခြင်းငြီးလို့
ဆုံးအတိတ်ကို ပြန်ယောင်တမ်းတ
ချစ်စေလွမ်းစေသနားစေနဲ့
သံယောစဉ်ကြိုး တစ်ပတ်ပြန်
ချည်လိုခြင်းလည်း မဟုတ်ရပါ
မေ့မျက်နှာ တစ်ခါညှိုး
နေဆယ်ဆင်း ထွန်းသလို
သက်ထားကြည်စေ ယုံမှတ်စေတဲ့
ချစ်သူကိုလည်း သစ္စာပျက်ယွင်း
ဖောက်လဲလိုခြင်း မဟုတ်ရပါ။ ။

ချစ်သော ဒိုင်ယာရီ

ပွင့်ဖူးငုံချိန် ငယ်စဉ်ချိန်က
ထားရှိခဲ့လေ မေတ္တာတွေနဲ့
ကောင်းစေချင်မိ ဒီအရှိကြောင့်
မြင်လာအသိ ဝေမျှခဲ့၏
ဘဝအတွေး မြှင့်ပေးခဲ့၏
သစ္စာပန်းနှင်း ချစ်ရလေသူ
ရှိကြောင်းတုံလည်း ပြောဖြစ်ခဲ့သည်
ဘဝအတွေးမှန်ကန်ရွေး၍
ကြိုးစားလုံ့လ စိုက်စေရကာ
ဘဝလှပကောင်းစေလိုသည်
သိုးမည်းတစ်ယောက် ရင့်ကျက်စေ…

ချစ်သော ဒိုင်ယာရီရေ

ငယ်သူငယ်ချင်း…
သူနဲ့ပတ်သက် ရင်ထဲရှိကို
မုသားမနှော ၀န်ခံပြောသော်
လွန်လေရက်ထက် တွေးစချဲ့လျက်
ဖူးရွှေလက်တင် စဉ်းစားချင်သည်
ဒီတညတော့လွမ်းခွင်ြ့ပုလေ..

In: ကဗျာ Posted By: Date: Mar 8, 2014
Comment #1

ကာရန်ညီညီ စာစီတစ်လှည့်
ပန်းသို့သီကုန်း အတွေးတစ်ဆုံးကို
ဖတ်မိနှစ်ခြိုက် ကဗျာပိုဒ်၌
မွှေ့ပျော်သည့်သူ ဆုံကြကုန်သော်
တောင်းမည့်ခွင့်ရေး ပေးပါလေ
(သူငယ်ချင်းရေ)
“သည်ကဗျာလေး ကူးပါရစေ” 😛

commentinfo By: Mg Pi at Mar 9, 2014
Comment #2

ကဗျာဆရာလို့ မပြောရဘူး.. စကားပြောရင်တောင် ကာရန် နဘေနဲ့ပဲပြောတော့တယ်… 😛 taw chat 😀

commentinfo By: Karyan Thit at Mar 10, 2014
Comment #3

အပေါ်က ဆရာမလောက် မတော်ပါဘူးကွယ်

commentinfo By: Mg Pi at Mar 11, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment