Professional Authors

ဒိုင်ယာရီ

ဒိုင်ယာရီ

နှုတ်ခမ်းပါးလေးတစ်စုံကို
ဆာလောင်သလို
တစ်ဖက်သတ်ဆန်တဲ့ ရှုံးနိမ့်မှုကို
ဆာလောင်သလို
အသည်းကွဲ ကဗျာတွေကို
ဆာလောင်သလို
အာသာငမ်းငမ်း တပ်မက်မှုကို
ဆာလောင်သလို
ပြန်မရနိုင်တဲ့နေ့စွဲတွေကို ဆာလောင်မိ
ကိုယ်နံ့နွေးနွေးကို ဆာလောင်မိ
အမှန်တရားရဲ့ သဘာဝ ကို ဆာလောင်မိ
လောကဓံ လေးပါး ကို ဆာလောင်မိ
ိုဘာမှမပေးပေမဲ့
တစ်ခုခုများ ပြန်ရခဲ့သလား?
ဒါလည်း ပုံမှန်ပါပဲ
ဘာကောင်မှမဟုတ်ပေမဲ့
တစ်ကောင်ကောင်တော့ဖြစ်ချင်ခဲ့တာ
မြောက်မြားစွာသော အလွဲတွေထဲ
ကျွန်တော့်ကို ရှာကြည့်ပါ
တေလေတစ်ကောင်ရဲ့ အိပ်မက်ထဲမှာဖြစ်ဖြစ်
ညဉ့်ငှက်မလေးတစ်ယောက်ရဲ့ သန်းခေါင်ယံမှာပဲဖြစ်ဖြစ်
လောက၀တ် သေဆုံးရာ အရပ်မှာပဲဖြစ်ဖြစ်
ခင်ဗျားတို့တားတဲ့ စည်းအပြင်ဘက်မှာပဲဖြစ်ဖြစ်
ကျွန်တော်ချစ်သော ကျွန်တော့်အိမ် ရှိတယ်………..။

In: ကဗျာ Posted By: Date: Oct 1, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment