Professional Authors

ချစ်သော ဤပန်း

ချစ်သော ဤပန်း

သူတွေနဲ့မတူ
လောကမှာ တစ်မူထူးလေတဲ့
ဟိုဝေယံ မြင့်ပင်ထက်မှာ
ပွင့်ရက်လေတဲ့ဤပန်း။

ဆောင်းမိုးတို့ ကုန်ကုန်
နှစ်လတို့ ကူးကူး
ရွက်ဝါတို့ကြွေကြွေ
မြစ်ရေတို့ ခန်းခန်း
မညှိုးရက်လေတဲ့ ဤပန်း။

တစ်ဘဝမှာ တစ်ပွင့်ထဲလေတဲ့
မြင်ပေမဲ့ မခူးရက်ပါပေဘူး။

မှန်သောသစ္စာ အကျွန်၏တောင်းဆု
မရင့်မရော် ဤချစ်သောပန်း
လေတိုက်ရာမကြွေ လေယူတိုင်းမလွင့်
ကိုယ့်မာန်ကို ဇမ္ဘူမှာပြရယ်လို့
တင့်တယ်ကာ အသရေပြည့်နှင့်
လောကလယ်၌ သင်လှစေသား။

မောင်ပိုင်

In: ကဗျာ Posted By: Date: Jan 11, 2014

Leave Comments

Name*

Email*
Website
Email me whenever there is new comment