Professional Authors

တရားသခင္ ( ၾကည္ေအး)

ၾကည္လင္ရုပ္သြင္ ၊ သခင္လာသည္ကို
ၾကည္ညိဳျမတ္ႏိုး ၊ ကၽြန္ရွိခိုးဆဲ
မာန္ျငိဳးကင္းစင္ ၊ ဆုထူးျမင္ဆဲ
သင္မိစၧာလား ၊ သမာလား
ေမးအားရက္လွသည္။
ၾကည္လင္ရုပ္သြင္ ၊ သခင္ဟူသည္
တစ္ဆူဂဂၤါသဲမွ ၊ ရွင္ဗုဒၶလား
ထေျမာက္ျပန္သစ္ ၊ ခရစ္ေတာ္လား
ေက်ာ္လြင့္လူ႔ရြာ ၊ အလႅာဟုလား
စကားမြန္ျမတ္ ၊ ကြန္ျဖဴးရွပ္လား
ကားလ္မတ္ ၊ အိန္ဂ်ယ္
လယ္နင္ ၊ စတာလင္လား။
ၾကည္လင္ရုပ္သြင္
သခင္မြန္ကို ၊ ကၽြန္ရွိခိုးလည္း
လူကို ရွိမခိုး ၊ တရားကို ရွိခိုး၏
စိုးစဥ္းခၽြတ္ယြင္း ၊ ေခတ္ႏွင့္မလ်င္းက
ျခြင္းခ်က္ျဖင့္ ပူေဇာ္၏။
ၾကည္လင္ရုပ္သြင္ ၊ သခင္တို႔သည္
သူမွီတင္းေသာ ၊ လူ႔ေခတ္ေျပာက်ယ္
လိုက္ေလ်ာက်င့္၀တ္ ၊ ပညတ္ျမဲရွင့္။
ျဖဴေျဖာင့္ခ်စ္တတ္ ၊ အျပစ္ခြင့္လြတ္
နားလည္ညႊတ္ေပ်ာင္း
လြတ္ေျမာက္ကင္းလ်က္
အသက္လွဴရက္ ၊ ဆင္းရဲဖက္ခဲ့
ကိုယ္ပ်က္ျငဴစူ ၊ ႏူသူကိုပင္
ၾကည္ျဖဴလက္ကမ္း ၊ ဖက္ယမ္းေပါင္းသင္း
သနားျခင္းျဖင့္ ၊ တရားမင္းဟု
စစ္မွန္ျခင္းတည္ရာ ၊ သခင္လာသည္
နာမည္မရွိ ၊ အသိေ၀ငွ
အလွတရားမွ်ျဖစ္၏။
–  ၾကည္ေအး
( ရႈမ၀ ၊ ၁၉၇၁ ၊ ဇန္န၀ါရီ )
Comment #1

တရားသခင်

ကြည်လင်ရုပ်သွင်၊ သခင်လာသည်ကို
ကြည်ညိုမြတ်နိုး၊ ကျွန်ရှိခိုးဆဲ
မာန်ငြိုးကင်းစင်၊ ဆုထူးမြင်ဆဲ
သင်မိစ္ဆာလား၊ သမာလား
မေးအားရက်လှသည်။

ကြည်လင်ရုပ်သွင်၊ သခင်ဟူသည်
တဆူဂင်္ဂါသဲမှ၊ ရှင်ဗုဒ္ဓလား
ထမြောက်ပြန်သစ်၊ ခရစ်တော်လား
ကျော်လွင့်လူ့ရွာ၊ အလ္လာဟုလား
စကားမွန်မြတ်၊ ကွန်ဖြူးရှပ်လား
ကားလ်မတ်၊ အိန်ဂျယ်
လယ်နင်၊ စတာလင်လား။

ကြည်လင်ရုပ်သွင်
သခင်မွန်ကို၊ ကျွန်ရှိခိုးလည်း
လူကို ရှိမခိုး၊ တရားကို ရှိခိုး၏
စိုးစဉ်းချွတ်ယွင်း၊ ခေတ်နှင့်မလျင်းက
ခြွင်းချက်ဖြင့် ပူဇော်၏။

ကြည်လင်ရုပ်သွင်၊ သခင်တို့သည်
သူမှီတင်းသော၊ လူ့ခေတ်ပြောကျယ်
လိုက်လျောကျင့်ဝတ်၊ ပညတ်မြဲရှင့်။
ဖြူဖြောင့်ချစ်တတ်၊ အပြစ်ခွင့်လွတ်
နားလည်ညွှတ်ပျောင်း
လွတ်မြောက်ကင်းလျက်
အသက်လှူရက်၊ ဆင်းရဲဖက်ခဲ့
ကိုယ်ပျက်ငြူစူ၊ နူသူကိုပင်
ကြည်ဖြူလက်ကမ်း၊ ဖက်ယမ်းပေါင်းသင်း
သနားခြင်းဖြင့်၊ တရားမင်းဟု
စစ်မှန်ခြင်းတည်ရာ၊ သခင်လာသည်
နာမည်မရှိ၊ အသိဝေငှ
အလှတရားမျှဖြစ်၏။ (ကြည်အေး)
ရှုမဝ၊ ၁၉၇၁၊ ဇန်နဝါရီ

ကူးတင်သူတွေက တဆူဂင်္ဂါသဲမှကို စသတ်ထားကြတယ်။ မလုပ်ကောင်းပါ။ ကိုယ်တတ်ရင် ကိုယ့်ကဗျာမှာ ကိုယ့်သတ်ပုံနဲပ ရေးပေါ။ ကြည်အေးကို နာမည်မဖျက်သင့်ကြပါ။ မကြာမီမှာ တရားသခင်၊ တရားမင်းကိုပါ စသတ်လာကြလိမ့်မယ်။

ဒေါက်တာတင့်ဆွေ

commentinfo By: [email protected] at Sep 10, 2021

Leave Comments

Name*

Email*
Website
Email me whenever there is new comment