Professional Authors

အိမ်(ကြည်အေး)

လှေသမားဟာ
ဟို့အဝေးကကျွန်းတွေမှာ
ကောက်သိမ်းပြီးတော့
သူ့အိမ်…
ငြိမ်းချမ်းတဲ့သူ့မြစ်ချောင်းထံ
ပြန်လာခဲ့တယ်။

ကိုယ်လည်းအိမ်ပြန်ချင်ပါရဲ့
ဒါပေမယ့်ကိုယ့်မှာ
ဘာများရိတ်သိမ်းစရာ ရှိပါသလဲ။
ဒုက္ခခံစားခြင်းသာရိတ်သိမ်းစရာ ရှိခဲ့တယ်။
မိတ်ဆွေ… မြစ်ကမ်းနဖူးရယ်
သင်ဟာ
ကိုယ့်ကိုမွေးမြူကြီးပြင်းစေခဲ့တယ်။

အချစ်ရဲ့ဝေဒနာကိုရော
သက်သာရာရအောင်
သင်မတတ်နိုင်ဘူးလား။

အို …ကိုယ့်ကလေးဘဝရဲ့
တောအုပ်များ
ကိုယ်အိမ်ပြန်လာရင်
ငြိမ်းချမ်းခြင်းကို
တစ်ဖန်ပေးနိုင်ပါဦးမလား။     ။

ကြည်အေး( ဂျာမန်ကဗျာကိုဘာသာပြန်သည်) မောင် ကိုကိုနှင့် မြနန္ဒာ ဝတ္ထုမှ

Comment #1

ကိုယ်လည်းအိမ်ပြန်ချင်ပါရဲ့
ဒါပေမယ့်ကိုယ့်မှာ
ဘာများရိတ်သိမ်းစရာ ရှိပါသလဲ။
ဒုက္ခခံစားခြင်းသာရိတ်သိမ်းစရာ ရှိခဲ့တယ်။

commentinfo By: May Kha at May 24, 2012
Comment #2

မမကြည်အေး
သင်ပေးပါအုံးနော်
မတတ်လို့ပါ
သင်ပေးမှာလား
အသုံးပြုပုံ
လေးတွေ

commentinfo By: thureingzaw at Mar 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment