Professional Authors

နှုတ်နှေးခဲ့သည် (ကြည်အေး)

မောင်နှင့်တွေလျှင်
ချမ်းမြေ့ပျော်လည်း ၊ သူဝမ်းနည်းပြန်
မသဲမကွဲ ၊ နှစ်ယောက်ထည်း (ထဲ) ပင်
မိုးဖွဲနုညက် ၊ ဆံနွယ်ခက်ကြား
တစ်စက်တစ်စက် ၊ လျောသက်တွယ်ခို
ညိုညိုလဲ့မှောင် ၊ ကော့မျက်တောင်မှ
ဝေ့ယောင်သီဝဲ ၊ မျက်ရည်ပဲလား
မသဲမကွဲ ၊ မိုးရေပဲလား
ဆိုရဲခက်ခက် ၊ မမေးရက်လို့
ပင့်သက်ပူနွေး ၊ မှိုင်မောငေးဆဲ
နွဲ့ထွေးနှမ ၊ ပြုံးအေးမြတော့
နောင်တ နောက်ကျရပြန်သည် ။ ။
(ကြည်အေး)
(ရှုမဝမဂ္ဂဇင်း ၁၉၇၀ ဇူလိုင် ၊ ‘မြနန္ဒာပြောချင်သေးသည်’ မှ ) 
Comment #1

မောင်နှင့်တွေလျှင်
ချမ်းမြေ့ပျော်လည်း ၊ သူဝမ်းနည်းပြန်
မသဲမကွဲ ၊ နှစ်ယောက်ထည်း (ထဲ) ပင်
မိုးဖွဲနုညက် ၊ ဆံနွယ်ခက်ကြား
တစ်စက်တစ်စက် ၊ လျောသက်တွယ်ခို
ညိုညိုလဲ့မှောင် ၊ ကော့မျက်တောင်မှ
ဝေ့ယောင်သီဝဲ ၊ မျက်ရည်ပဲလား
မသဲမကွဲ ၊ မိုးရေပဲလား
ဆိုရဲခက်ခက် ၊ မမေးရက်လို့
ပင့်သက်ပူနွေး ၊ မှိုင်မောငေးဆဲ
နွဲ့ထွေးနှမ ၊ ပြုံးအေးမြတော့
နောင်တ နောက်ကျရပြန်သည် ။ (တင်ပေးတဲ့ဖြိုးဖြိုးကိုကျေးဇူးတင်ပါတယ်)

commentinfo By: May Kha at Sep 7, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment