Professional Authors

ညနေခင်း

ဤတနေ့လည်း ကုန်ရွေ့ပေပြီ၊
ရော်ရီအဆင်း ကင်းသည့်လျှံဝါ
ကိုယ်ရုံလွှာဖြင့်၊ အာကာမိုးဝ
ငေးမျှော်တ, သည်၊
ပြူဝဒီသာ တံခါးမှာတကား။

တဘက်ကမ်းလျှင် ဓနိတန်းဝယ်၊
လေဖြန်းပင့်ချီ ကိုယ်တည်းအီလျှက်
တွန်မြည်ရွှေဘုတ် သူ့အာလုပ်လည်း
မြုပ်တုံမြင့်တုံ၊ နွဲ့လှည့်တုံဖြင့်
မှုံသည်လောကဓာတ် သူကြောသတ်မှ
ရင်အပ်မှီကာ နားတော့သည်။

တောင်ဘက်ဒီသာ၊ မျက်နှာမျှော်မှန်း
ဥဗျိုင်းတန်းလည်း
ပျံသန်းတိမ်ပေါ် ရှေ့ပြေးခေါ်က
ရေပေါ်ပွင့်ရွှင် ကြာချပ်ရှင်သို့၊
လှေယာဉ်မြင့်မား၊ ရွက်ဖားလျားလည်း
သွားသည်သိမ်မွေ့ တရွေ့ရွေ့လျှင်
မြေ့မြေ့ရေးရေး တဝေးဝေးသည်
ညဥ့်သွေးဂူမှာ နားတော့သည်။  

 

In: ကဗျာ,ဇော်ဂျီ Posted By: Date: Dec 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment