Professional Authors

လူရွှင်တော်တစ်ယောက်ရဲ့ ရင်ဘတ်

လူရွှင်တော်တစ်ယောက်ရဲ့ ရင်ဘတ်
တချို့သောသူတွေပျော်ရွှင်ဖို့
တစ်စုသောသူတွေ မျက်ရည်ကျပြရတယ်
ပျော်ရွင်ဖို့သက်သက် နဲ့ကျီဆယ်
ပြငှာန်းထားတဲ့ မာယာတချိုကို အကူအကွယ်
ဟာသဆန်ဆန် လှည့်စားကျတယ်
စင်ပေါ်ကလူတစ်ယောက်ရဲ့ဟာသ
ပရိသတ်က၀ါးလုံးကွဲအောင် “ဟား “ကျတယ်
တင်ဆက်နေတဲ့ ရင်အပူမီးရယ်
ငိုရမယ့် ရင်တစ်စုံကို ” ဖုံးကွယ် “
အများသဘောကျ ” အသုံးတော် ” ခံပြရတယ်
လူသားချင်းတူရင်တောင်  ကွဲလွဲနေတတ်တဲ့ ” ကံ ” ရယ်
ငွေကြေးဆိုတာ ပျော်ရွှင်မှုကို ၀ယ်သတဲ့
အနိမ့်အမြင့် ဆိုတဲ့ သံသရာ ဂယက်ထဲ
လည်ပတ်နေ ရင်း ပြန်ပြန် နိမ့်ဆင်းနေတာ
ရှေးဘ၀က အကြောင်းကံ ထင်ပါရဲ့
ရွှင်ပျော်နေတယ် ထင်ရတဲ့ မျက်နှာဖုံးကိုတပ်
ခံစားချက်တွေကို လဲ ထိန်းချုပ်တတ်ခဲ့တယ်
လဲကျရင် တွဲထူ မယ့်လက်တစ်ဖက်ထက်
ရေနစ်ကူ ၀ါးကူထိုးတဲ့သူတွေများတဲ့အခါ
နာကျင်တာကိုစိတ်ထဲမှတ် နေ့ရက်တွေဖြတ်သန်းတတ်ခဲ့ပေါ့
စင်ပေါ်ရောက်တဲ့တစ်နေ့တော့်ရှိပါရဲ့
ပျော်ရွှင်စေဖို့ တင်ဆက်ရ တဲ့ ” အကူတော် “
အများကလေ သတ်မှတ်တဲ့ကျနော်
တကယ့်ကို လူရွှင်တော်ပါဗျာ
တကယ့်ကိုလေ………..
လူရွှင်တော်လေးကျနော်ပါဗျာ………
ရွက်သစ်
07/11/2013
In: ကဗျာ Posted By: Date: Dec 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment