Professional Authors

အကျီ င်္ရင်ဘတ်ကြယ်သီးပြုတ်နေတဲ့….ကောင် (မင်းခိုက်စိုးစန်)

ရင်ဘတ်ကို
သံဘရပ်(ရှ)ကြမ်းကြမ်းနဲ့
ဗြန်းကနဲ တိုက်ဆွဲလိုက်သလိုပ။
ဥတ္တရဆောင်းရဲ့ လက်သည်းချွန်တွေကုတ်ခြစ်
အသားစတွေအတစ်အတစ်နဲ့  …
ဦးခေါင်းခွံထဲ
ဒိန်ချဉ်ပျော့ပြဲပြဲတွေထည့်ထားတဲ့ကောင်
သူ့ရင်ဘတ်ကိုကာဖို့ဆိုပြီး
ချစ်သူကိုပွေ့ဖက်ခဲ့
(နွေးသတဲ့)
ရယ်လိုက်ကြဟေ့…ရယ်ကြဟေ့
အဲဒီကောင်ငတုံး
ခုတော့..သူ့ရင်ဘတ်တစ်ခုလုံးမှာ
မီးလောင်ရာ ဗလပွနဲ့ …

မင်းခိုက်စိုးစန်

Comment #1

ဖတ်လိုက်ရတာ ……….. အူယားတာ။။။။။။။။။

commentinfo By: chanmyae at Aug 31, 2011
Comment #2

ဆရာ့ကဗျာဆို ကြိုက်ပြီးသား

commentinfo By: မေပျို at Nov 7, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment