Professional Authors

ဇာတ်ကောင်…..

ရိုမီယိုနဲ့ ဂျူးလိယက်….
စင်ပေါ်မှာဟာသလုပ်ပြနေတယ်….ရီနေတယ်….
ပရိသတ်တစ်ယောက်မှ မရယ်မပြုံး….မျက်ရည်လဲ့ ကြေကွဲ…
အော်….သူတို့ဇာတ်လမ်းကအဆွေးလေ…။

ဂျိုကာလေး….
စင်ပေါ်မှာ ကြေကွဲနေတယ်…ငိုနေတယ်….
ပရိသတ်တွေ တ၀ါးဝါးနဲ့သဘောကျနေတယ်….ရီနေတယ်….
အော်….သူ့ဇာတ်လမ်း သူ့နေရာက လူပြက်လေ….။

ငါ…..
စင်ပေါ်မှာ ရီနေတယ်….ငိုနေတယ်….
ပရိသတ်တွေ အိပ်ငိုက်နေတယ်….တချို့ဆိုဟောက်သံတောင်ထွက်လို့….
အော်….ငါ့ဇာတ်လမ်း ငါ့နေရာက သူတို့အတွက်ပျင်းစရာပေါ့….။

တစ်ခါ တစ်ခါ…..
သူတို့တွေ သူတို့ရင်ထဲကခံစားချက်တွေကို ဖွင့်ချတတ်ပါတယ်…..
သူတို့ဇာတ်ကောင်ကို သူတို့မေ့ပြစ်တတ်ပါတယ်….
ပရိတ်သတ် လက်ခံမယ်ဆိုရင်ပေါ့….။

In: ကဗျာ Posted By: Date: Mar 9, 2012
Comment #1

စိတ်ကူးလေးကောင်းတယ်ဗျ…အတွေးလည်းကောင်းတယ်
ခံစားအားပေးသွားပါတယ်…

commentinfo By: poem.poem28 at Mar 9, 2012
Comment #2

really nice,,,

commentinfo By: ei lay at Mar 10, 2012
Comment #3

တစ်ခါ တစ်ခါ…..
သူတို့တွေ သူတို့ရင်ထဲကခံစားချက်တွေကို ဖွင့်ချတတ်ပါတယ်…..
သူတို့ဇာတ်ကောင်ကို သူတို့မေ့ပြစ်တတ်ပါတယ်….
ပရိတ်သတ် လက်ခံမယ်ဆိုရင်ပေါ့…

commentinfo By: kantkawmg at Mar 12, 2012
Comment #4

Thanks! ^_^

commentinfo By: SaiLin at Mar 14, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment