Professional Authors

ရင်ဘတ် ဖြတ်စများ (မိုးထက်အောင်)

ရင်ဘတ် ဖြတ်စများ

 

 

အနမ်းတစ်ပစ်စာ အကွာအဝေးမှာ

နှုတ်ခမ်းပါးလေးက ပစ္စလက္ခတ်မဲ့နေတယ်

 

မလင်းတဲ့ မျက်လုံးတွေထဲ

(ညက…..)

လှလှပပလေး မှောင်

 

မရူးနဲ့ ……

……………………

မမိုက်နဲ့ …..

…………………………..

ကိုယ့်နှုတ်ခမ်း ကိုယ်ကိုက်ရင်း

ဖြစ်.….ပါ….လို…..

 

တရားလွန် ကျိန်စာမှာ

အငြိုးတွေပါတယ်

(မိုး……)

ရွာချင်ရွာမယ် မရွာချင်မရွာဘူး

 

ဒီကောင်သေတဲ့ သင်္ချိုင်းမှာ

မုန်းသူ့ ပန်းခွေ အများကြီးဝေတယ်

 

ကြွေတယ်ဆိုတာက

(ရှင်းရှင်းပြောရရင်)

အပင်ပေါ်မှာမရှိတော့တာ

 

………………………………….

အဲဒီ့လိုလေးပေါ့

 

(ချစ်စရာလေးပါ)

ကျွန်တော့် ထိုကောင်မလေးကတော့

ရင်ဘတ်မျှားတမ်း ဆော့နေဆဲ

 

                                                      မိုးထက်အောင်

In: ကဗျာ Posted By: Date: Apr 5, 2011
Comment #1

ကိုမိုးထက်အောင်အားပေးသွားပါတယ်
(ချစ်စရာလေးပါ)

ကျွန်တော့် ထိုကောင်မလေးကတော့

ရင်ဘတ်မျှားတမ်း ဆော့နေဆဲ။

commentinfo By: genius.jinx28 at Apr 6, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment