Professional Authors

“နှလုံးသားအတွက် ရည်ရွယ်လျှက်…..”

“နှလုံးသားအတွက် ရည်ရွယ်လျှက်…..”

အရှုံးတွေများနေပြီမို့
အချစ်တွေ ရပ်တန့်ဖို့ ကြိုးစားကြည့်တိုင်း…
နှလုံးသားက နာဖျားနေတတ်တယ်။

ကြေကွဲဖြစ်စဉ်တွေ စုစည်းလို့ထားပါလျှက်
သူ့နည်း သူ့ဟန်နဲ့သာ မျက်ရည်ရစ်ဝဲ
မုန်းချင်စရာတွေ နည်းနည်းဖြည့်စွက်
စိတ်နာကြည့်ဖို့ အဆင်မပြေသေးတော့ ခက်တယ်။

ပြန်လမ်းမဲ့ ကြင်နာမှုတွေ တွက်ဆ နှမြောမိတိုင်း
ဖယ်ခွာလိုခြင်းတွေ ဦးနှောက်ထဲ ဖြည့်သိပ်…ထိုးထည့်
ဒါဟာ…….တကယ်တော့ ယာယီသက်သက်ပါပဲ
အပြုံးတစ်ခုရဲ့ ရာဇ၀င်ထဲ…
ထာဝစဉ်နေချင်မိတဲ့ ဓာတ်ခံက
ကိုယ့်အတွက်တော့ တစ်သွေး တစ်သံ တစ်မိန့်သဖွယ်။

ရက်စက်တတ်သူမှန်း လက်ခံနားလည်သည့်တိုင်
ရှင်သန်ရခြင်းရဲ့ မူပိုင်ရှင်ဟုသာ ယူဆနေမိ
ပျော်ရွှင်စရာတွေ ဘယ်လိုပဲ မှုန်မှိုင်း
အလွမ်းလှိုင်းကိုက ကိုယ့်အတွက် တွယ်မက် ခုံမင်စရာ..။

အရာမထင်ခဲ့တဲ့ ပေးဆပ်ခြင်းတွေ မွမ်းမံရင်း
သည်ဝဋ်က အနည်းငယ်မျှ မကျွတ်ချင်
လွင့်ချင်ရာ လွင့်နေတတ်တဲ့ ရင်ခုန်သံလေးကိုသာ
ဒဏ်ရာတွေနဲ့ ကိုယ်က စွဲလန်း….
……
……
ဒီလိုနဲ့ပဲ
မျှော်ရည်ကမ်းရဲ့ တစ်ဖက်ခြမ်းမှာ
ကိုယ့်နှလုံးသားလေး အနာအဖျားကင်းစင်စေဖို့
သူ့ကို ဆက်လက်…ကိုယ် ချစ်မြတ်နိုးနေတတ်တယ်။ ။

အလွမ်းကေသရီ

In: ကဗျာ Posted By: Date: Oct 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment