Professional Authors

ဒိုင်ယာရီထဲက ပန်းသီးတစ်လုံး – နရီထက်

စွဲမက်စရာအရောင်အဆင်းတွေနှင့်
တပ်မက်ခြင်းတွေက ယိုစိမ့်ထွက်လာတယ်
အနီးနားကို တဖြည်းဖြည်းရောက်ရှိကြတယ်
သူလို ကိုယ်လို ကိုယ်ရောင်မဖျောက်တတ်တဲ့ လူအများကြီးရယ်

ချစ်သူနှစ်ဦးက သည်ပန်းသီးကို
တစ်ယောက်တစ်ဖဲ့တစ်ကိုက်လောက်စီ စားလိုကြတယ်

ချစ်ဒဏ်သင့် အမုန်းကြီးအမျက်ရှသူတစ်ယောက်က
သည်ပန်းသီးက အဆိပ်သင့်နေပြီးရယ်

ဖခင်တစ်ယောက်က
သူ့သားသမီးတွေအတွက် ပန်းသီးစိပ်ကလေးတွေ ခွဲခြမ်းပေးချင်တယ်

နရီထက်
( ၂၆ ၊ ဖေဖော်ဝါရီလ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Feb 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment