Professional Authors

မပြီးသေးသော ကဗျာ

ညနေရယ်…
သူ့ကို ပြန်မပြောပါနဲ့
ူသူ စိတ်ဆိုးနေမှာ စိုးလို့ပါ…
ရင်ထဲက သွန်မရတဲ့ မီးတွေ
ကုန်အောင် လောင်ဖို့
(ဒါမှမဟုတ်) အရှိန်လျော့ဖို့
ငါ့ကို မူးမေ့ခွင့်ပြုပါနော် . . .

ညရယ် …
သူ့ကို ပြန်မပြောပါနဲ့
သူ စိတ်ပူနေမှာ စိုးလို့ပါ …
ငါ့ဘ၀မှာ ဖားအော်သံတွေ
ဆူညံခဲ့ပေမယ့် မိုးမရွာဖူးခဲ့ဘူးလေ…
မိုးရွာမယ့်အချိန်ကို
မအိပ်ဘဲ စောင့်ခွင့် ပြုပါနော် …

အရုဏ်ရယ် …
သူ့ကို မပြောလိုက်ပါနဲ့
သူ ငိုမှာစိုးလို့ပါ
ငါလေ ……

In: ကဗျာ Posted By: Date: Feb 26, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment