Professional Authors

နတ်သမီး… သို့

ငါဟာ အထီးကျန်အိမ်အိုကြီးထဲမှာ
နေထိုင်တဲ့ သူတစ်ယောက်ပါ …
ကံကြမ္မာကပေးမဲ့ အဆိုးဆုံးလက်ဆောင်တွေကို
လက်ခံနိုင်ဖို့ အားအင်ချည့်နဲ့လို့ပေါ့ …
အသိုင်းအ၀ိုင်းနဲ့ ဖိနှိပ်မှုတွေကို လည်စင်းရင်း
စိတ်ဓါတ်တွေလည်း ခေါင်ပြတ်တာ ကြာပါပြီ …
ဒီလိုနဲ့ …
မှောင်မည်းတိတ်ဆိတ်တဲ့ ငါ့အခန်းထဲမှာ
ဝမ်းနည်းစွာနဲ့ ငါထိုင်နေတုန်းပေါ့ …
တံခါးရဲ့ အပြင်ဘက်က
နူးညံ့တဲ့ ခြေသံတစ်စုံကို ကြားလိုက်ရတယ် …
ဘယ်သူလဲလို့ စဉ်းစားနေဆဲ
တံခါးကိုဆွဲဖွင့်ပြီး ငါဘေးနားကို မင်းရောက်လာတယ် …
ပြီးတော့ …
မင်းရဲ့ သံဇဉ်တွေကြားမှာ
ငါဟာ ရူးသွပ်သွားခဲ့တာပေါ့ … ။     ။

(ကျွန်တော်ရဲ့ အလင်းနတ်သမီးလေးအတွက် အမှတ်တရပါ)

In: ကဗျာ Posted By: Date: Feb 28, 2011
Comment #1

wow,,, 😛
so cute,,
sweet & lovely poem

commentinfo By: ei lay at Jun 7, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment