Professional Authors
ပုံမှန်ဖောက်ပြန်ခြင်း………………………………..မင်းလူန
တစ်နှစ်သစ်တော့ မယ်မေမေ
စက္ကန့် အသစ်တွေတိုက်စားရင်း
ခန္ဒာအဟောင်းမှာ
အတ္တကိုကပ်ပြီးတပ်မတ်မိတာကိုက
ပြောင်းလဲမှု့ တွေကိုလက်မခံနိုင်တဲ့ 
လူ့ သဘာဝပဲထင်ပါရဲ့ 
ဘ၀ကိုရှာရင်း
ရိုးပြတ်တွေနဲ့ ညမှာ
မေမေ ရဲ့ အိပ်ယာဝင်ပုံပြင်တွေလောက်
ဘယ်အရာကမှ
ရိုးစင်းခြင်းမရှိဘူး
ကျွန်တော်မှန်တယ်သူမှားတယ်ဆိုတာတွေထက်
တစ်ယောက်ကိုတစ်ယောက်
အရောင်တင်ဆီသုတ်ပြီးပြုံးပြ
ကမ္ဘာကကျင့် သားရနေတဲ့ 
လေပူပေါင်းတစ်လုံးနဲ့ ပိုတူလာပြီ
အချိန်မရွေး
လက်ခံကျင့် သုံးခြင်းဆိုင်ရာတွေမှာ
ဖောက်ပြန်တက်တဲ့ 
လေဖိအားနည်းရပ်ဝန်းစုရှိနေတက်မှန်း
ရင်ဘတ်တိုင်းမှာမြင်ခဲ့ ရတယ်
ပြတ်ကျန်ခဲ့ တဲ့ မိုင်တိုင်တွေမှာ
ရှင်သန်မှု့ တွေနဲ့ ပျော်ဝင်……..
နိယာမတိုင်းက
ဘုရားသခင်ဖန်ဆင်ထားပြီးသားမို့ 
အပြောင်းအလဲတွေက
မှန်တယ်…….
ကျွန်တော်တို့ မှားတယ်ပေါ့ မေမေ………..
                   မင်းလူန
In: ကဗျာ Posted By: Date: Feb 28, 2011
Comment #1
ကျွန်တော်မှန်တယ်သူမှားတယ်ဆိုတာတွေထက်
တစ်ယောက်ကိုတစ်ယောက်
အရောင်တင်ဆီသုတ်ပြီးပြုံးပြ
ကမ္ဘာကကျင့် သားရနေတဲ့ 
လေပူပေါင်းတစ်လုံးနဲ့ ပိုတူလာပြီ
commentinfo By: ဆူး at Mar 1, 2011
Comment #2
နိယာမတိုင်းက
ဘုရားသခင်ဖန်ဆင်ထားပြီးသားမို့ 
အပြောင်းအလဲတွေက
မှန်တယ်…….
ကျွန်တော်တို့ မှားတယ်ပေါ့ မေမေ……….. မေမေ့ ကို နှင့်နေအောင်သတိရသွားတယ် ကျေးဇူးဗျာ
commentinfo By: sharon myorr myor at Mar 22, 2012
Comment #3
အရာရာ က ကိုယ်တိုင်ပါပဲ…
commentinfo By: SoFarAwayFromU at Oct 22, 2012
Leave Comments
Name*
Email*
Website
Email me whenever there is new comment