Professional Authors

စက်ဝိုင်းခရီး

လွင့်မျောနေခဲ့တာလား
မျောလွင့်နေခဲ့တာလား
သေချာတာကတော့
ရပ်မနေခဲ့တာပဲ…

လျှောက်ပါ များတော့
ဖိနပ်တွေ ပါးပါးလာတယ်
ပန်းတိုင်တစ်ခုရှိပါလျက်
ခရီးလမ်းက ဝိုင်းစက်နေတဲ့
စက်ဝိုင်း ပမာပေါ့…

အနေအထား မဟန်
ပေကျံနေတဲ့ အသွင်သဏ္ဍာန်နဲ့
နေ့နဲ့ည ညနဲ့နေ့ စလုံးပေါင်း
မှန်အောင်မပေါင်းတတ်ပေမယ့်
ဖြတ်သန်းတဲ့လမ်းက ရိုးရှင်းတယ်…

အပေါ်ယံ အဆောင်အယောင်
ကောင်းကင်နဲ့ ခေါင်းမလွတ်သူတွေ
ပညာဂုဏ်မှောက် အရာမရောက်ပဲ
တဏှာအောက် ငါးပါးမှောက်ခဲ့ကြ…

ဘ၀… ဘ၀… ဘ၀…
အမျှ… အမျှ… အမျှ…
တတ်သမျှ မှတ်သမျှ
နောက်လူတွေအတွက်
လက်ဆင့်ကမ်းပေးကြပါ…
ဒီစာနာတတ်ခြင်းဆိုတဲ့
မီးတောက်လေးကူညီထွန်းညှိပေးကြပါ….
ဒီလိုစက်ဝိုင်းသဏ္ဍာန်
ခရီးလမ်းကို ဖြောင့်မတ်ပေးကြပါ…
မြင်နေရတဲ့ ပန်းတိုင်ကို
အတူလက်တွဲပြီး ဆွတ်ခူးကြပါ…

In: ကဗျာ Posted By: Date: Oct 14, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment