Professional Authors

ပန်းခင်းတဲ့လမ်း မဟုတ်ပေမဲ့ – နရီင်္ထက်

ပန်းတွေလည်း ခူးခဲ့တယ်
ချစ်သူကို နှုတ်ဆက်ချင်လို့
သူက ပြောတယ် မြေနီလမ်းမှာ
စောင့်နေမယ်
အမောနှင့်မျှော်စိတ်တွေ
ဝေးရမဲ့ ဒီလမ်းနီကလေး
တို့ချစ်သူတွေကို ခွဲမဲ့
ဝေးစေမဲ့ လမ်းကလေးလား

နားလည်မှုရှိတဲ့ တို့နှစ်ဦးသား
ပန်းဆိုပေမဲ့ ကြမ်းတမ်းတဲ့
ခရောင်လမ်းကို လျှောက်ခဲ့ကြတာ
လမ်းဆိုပေမဲ့ ဆူးခင်းလမ်းလား
ဖ၀ါးတော်နုနု ပွန်းပဲ့ကာရှ
မင်းလက်တွေ ငါ့ပခုံးကို မှီခဲ့သေးတယ်
ခွန်အားအပြည့်နှင့် ပန်းတိုင်ဆိုတဲ့
ခပ်ဆင်ဆင် မုန်တိုင်းတွေကြား
ဆက်လျှောက်ခဲ့ကြသေးတယ်

ထီးဆိုတဲ့ တန်ခိုးရှိသလိုဆိုပေမဲ့
မိုးရွာတဲ့အခါ ကိုယ်တို့နှစ်ဦး
လက်တွေ တွဲလို့
မိုးရေစိုထဲ လျှောက်ခဲ့ဖူးတယ်
အလွမ်းဆိုတဲ့ သတိရခြင်းဆိုပေမဲ့
နီးစပ်ခြင်းဆိုတဲ့ အလွမ်းမျိုးပဲ
ပိုင်ဆိုင်ချင်တယ်
စောင့်နေပါ ချစ်သူရယ်
ဒီတစ်ခါတော့
တော်ဝင်ခရမ်းပြာလမ်းကလေးထဲကပေါ့။       ။

နရီထက်
( ၂၇ ၊ ဂျူလိုင်လ ၊ ၂၀၁၀ )

In: ကဗျာ Posted By: Date: Jul 27, 2010

Leave Comments

Name*

Email*
Website
Email me whenever there is new comment