Professional Authors

မင်္ဂလာပွဲ

ဒီပွဲမှာ …….ပျော်ရွှင်သူလည်း ရှိရဲ့
ငိုချင်သူလည်း ရှိရဲ့။ ။
မီးရောင်တွေ အောက်မှာ…….
အဆောင်အယောင် အခမ်းအနားတွေကြား
ဂုဏ်ယူဝင့်ကြွားစွာနဲ့
လက်ဆက်သူတို့ရဲ့ အပြုံးဟာ
ကွဲအက်သူတို့ရဲ့ နှလုံးသားကို
ဆုပ်ချေနေသလို။ ။
ဒီပွဲမှာ…….အံခဲသူလည်း ရှိရဲ့
အလံမလဲချင်သူလည်း ရှိရဲ့။ ။
မျက်လုံးတွေ အောက်မှာ ……
ရှုံးလို့ မမော်ကြွားနိုင်သူရဲ့ မျက်ရည်စ
ဘယ်နားမှာ ထွက်ကျခွင့်ရှိမလဲ?
ပြုံးလို့ မော်ကြွားနိုင်သူက အရှုံးသမားရဲ့
နှလုံးသားက ဒဏ်ရာကို…….
ဘယ်မှာ ကုစားနိုင်မှာလဲ?
ဒီပွဲမှာ…….ဆက်ပြုံးသူလည်း ရှိရဲ့
စမုန်းသူလည်း ရှိရဲ့။ ။

စစ်အေးငြိမ်း

In: ကဗျာ Posted By: Date: Aug 16, 2011
Comment #1

စစ်အေးငြိမ်း၇ဲ့  မင်္ဂလာပွဲကို တက်ရောက်သွားတယ်ဗျာ

Comment #2

..ကျွန်တော်လဲ တက်ရောက်….အားပေးသွားတယ်

commentinfo By: အသဲကွဲမိုး at Aug 16, 2011
Comment #3

lat phwe u phoe mei khe de.
a khu hma phate tar ko.

commentinfo By: ei lay at Aug 16, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment