Professional Authors

သစ္စ၀ါဒ

ကောက်ညှင်းတစ်ထုတ်လို စေးကပ်ရိတွဲ
ကြံကြံဖန်ဖန် ဇာတ်ပေါင်းထားတဲ့အခန်းရှိတယ် ။
ထုံးစံအတိုင်းပဲ မီးမလာဘူး ။
ရေဘေး မီးဘေးသင့် ပညာရေးလဲ ဖင့်နေတယ်။
ဘ၀စာရင်းမ၀င်တဲ့ဘ၀တွေပါကွာ ။
လာ မင်းလဲ ထင်ရာလုပ်
ငါလဲ ထင်ရာလုပ်မယ် ။
ဒါပေမဲ့ ကိုယ့်အထုတ်ကို ဖြေပြ
သစ္စ၀ါဒသာ လက်ကိုင်ထားကြေး
မင်းလဲ ထွက်မပြေးနဲ့ ။
ငါလဲ ထွက်မပြေးဘူး ။
တိမ်ညွှန့်ကို ခူးစားဖို့ မကြိုးစားနဲ့ ။
မင့်းအိုးထဲက ထမင်း
တစိမ်းသူတွေနဲ့ တူတူစားရင်း
နေပြည်တော်လဲ သေတွင်းမလွတ်သေးကြောင်း
စည်တီးမောင်းခပ်ကြမယ်။

In: ကဗျာ Posted By: Date: Nov 10, 2011
Comment #1

လာ မင်းလဲ ထင်ရာလုပ်
ငါလဲ ထင်ရာလုပ်မယ် ။
ဒါပေမဲ့ ကိုယ့်အထုတ်ကို ဖြေပြ
သစ္စ၀ါဒသာ လက်ကိုင်ထားကြေး
မင်းလဲ ထွက်မပြေးနဲ့ ။
ငါလဲ ထွက်မပြေးဘူး ။
တိမ်ညွှန့်ကို ခူးစားဖို့ မကြိုးစားနဲ့ ။

commentinfo By: May Kha at Nov 10, 2011
Comment #2

ရွှေကြယ်မိုးပါ…
အားပေးသွားပါတယ်….
အရမ်းထိတယ်ကဗျာလေးက
နောက်လဲအမြဲအားပေးနေမယ်နော်

commentinfo By: yaewintaung at Nov 10, 2011
Comment #3

မင်းအိုးထဲက ထမင်း
တစိမ်းသူတွေနဲ့ တူတူစားရင်း
နေပြည်တော်လဲ သေတွင်းမလွတ်သေးကြောင်း
စည်တီးမောင်းခပ်ကြမယ်။

Comment #4

ကြိုက် ဗျာ

commentinfo By: 13th at Sep 13, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment