Professional Authors

“ အလံလှဲခဲ့ရတဲ့ အမှန် ”

ဝေးဝေးက ကြယ်စင်
မြေစာပင်လေး လှမ်းမျှော်ဆဲ
ကမ်းလက်တော့ မပေးရဲခဲ့ဘူး

……….. ရေ
တည်ငြိမ်နေတဲ့ တိမ်လွှာအောက်
ကိုယ် တယောက်တည်း မြှပ်ချည်ပေါ်ချည်
ရနံ့ငွေ့ငွေ့လေးကို မမှီတော့ဘူး

မနက်ဖြန်တွေ ပွင့်သစ်လာတိုင်း
ကမ်းကပ်လာမဲ့ သမုဒယလှိုင်းအတွက်
ငါ့ ကမ်းခြေရိုင်းကို ခင်းပေးထားမယ်

ချာတိတ်ရယ်
( ငါက )
မင်းနှုတ်ခမ်းရိပ်လေး သိမ်းထားရုံနဲ့
အရာရာကို မျက်စိမှိတ်ယုံခဲ့
အမှန်ကိုလဲ ကြက်ခြေခတ်ရဲခဲ့ပြီ

ချီရွန် ( ပုလဲ )

In: ကဗျာ Posted By: Date: Aug 19, 2009
Comment #1

ကောင်းဆဲပဲ…

commentinfo By: Lynn Let Hpone at Aug 19, 2009
Comment #2

ချာတိတ်ရယ်
( ငါက )
မင်းနှုတ်ခမ်းရိပ်လေး သိမ်းထားရုံနဲ့
အရာရာကို မျက်စိမှိတ်ယုံခဲ့
အမှန်ကိုလဲ ကြက်ခြေခတ်ရဲခဲ့ပြီ
LOVELY>>POEM!!!

commentinfo By: အသဲကွဲမိုး at Mar 6, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment