မမြင်နိုင်သော ဂူထဲက အမှောင်
 
 
မမြင်နိုင်သော ဂူထထဲက အမှောင် 
ကာလာတွေ ချယ်သထားပေမဲ့
အချိန်ကြာလာတော့လည်း
အရောင်တွေ လွင့်ပြယ်သွားတာ
သဘာဝလားတဲ့….။
သဘာဝတော့ သဘာဝပဲပေါ့…
အရွယ်နဲ့ မလိုက်ဖက်အောင်
ထိရှမှုတွေ ပြင်းထန်
လောကဓံရဲ့ ကကွက်စုံတွေထဲ
အကြိမ်ကြိမ် ယစ်မူး
မှားကွက်ပေါင်း အသင်္ချေနဲ့
အဖြေ တခုကို ရှာဖွေနေဆဲ….။
မတွေ့ မမြင်နိုင်သေးဘူး..
သည်မှာ တွေးခေါ်မှု သံသယတွေနဲ့
အမှားကို ချိုမြိန်စွာ သောက်သုံး
မလေ့ကျက်မိတဲ့ စိတ်အစဉ်ဟာ
တကယ်တမ်းတော့….
ခုတုံ တခုလို့ ဖြစ်နေတုန်း….။
ပြဿဒါးလား ရက်ရာဇာလား
နေ့ရက်တွေကို တွက်စစ်
ကိန်းမှားနေတဲ့ သင်္ချာရဲ့ ဥပဒေသဟာ
အခုတော့လည်း
ပြဿဒါးလိုပဲ မှားနေဆဲ….။
ဒီလိုနဲ့ အချိန်ကိုက်
အမှားပေါ်မှာ တယူသန်လွန်းတယ်…
တကယ် မထင်ထားခဲ့တဲ့
မာနနဲ့ စွဲကပ်နေတဲ့ ဥပါဒါန်ဟာ
ခြောက်လန့်နေတဲ့ တစ္ဆေတကောင်လို
အမှောင်ရောက်တိုင်း ကြီးစိုးနေဆဲ…။
အခုတော့လည်း….
အရာ အားလုံး မှောင်မိုက်နေတယ်…
မြင်နိုင်ဖို့ စွမ်းအား မရှိသေးဘူး…
ရှောင်တိမ်းဖို့ဆိုတာ ပိုခက်ခဲလွန်းတယ်…
အသံကြားရာ ဘက်ကို
ယိမ်းယိုင်တတ်တဲ့ ကိုယ်ကို
ထိန်းသိမ်းဖို့လည်း ခက်လှပါတယ်..
ဒါပေမဲ့…
တုန်လှုပ်မှုတွေ ထူးခြားလွန်းတဲ့
ဒီအမှောင်တိုက်ထဲ
အမည်မဖော်တဲ့ စိတ်တွေ ကိန်းအောင်းနေဆဲ…။
တက္ကသိုလ်မြတ်မင်း

 Home
Home Post Masterpiece
Post Masterpiece Register
Register Login
Login



 
 