Professional Authors

အဖျား

တရားဝင်လား
တရားမ၀င်လား
အခု တစ်ပတ်မှာ
သူရောက်နေတာ နှစ်လကျော်သွားပြီ…
လက္ခာဏာတွေက
ချမ်း တုန် ဖျား
ဒါဆို ငှက်ဖျား
နေဦး ငှက်ဖျားဆို
အပူ အရမ်းကြီး
ဒီလိုကို မနေနိုင်ပါဘူး…
ဒါ ဆို တီဗီ
ဟင့်အင်း
ညနေတိုင်းမှ မဖျားတာ
ချောင်းမှ မဆိုးတာ
ကိုယ်အလေးချိန်မှ မကျတာ
သလိပ်လည်း မထွက်
ဘာပဲ ဖြစ်ဖြစ် သေချာအောင်လို့ ပါ
ဆီးစစ်
သွေးစစ်
ဓါတ်မှန်
Ultrasound
ရောဂါတစ်ခုတော့ ခေါင်းစဉ်တပ်လိုက်ကြတယ်…
တစ်ခန်းပြီး တစ်ခန်း
တစ်ယောက်ပြီး တစ်ယောက်
တစ်ခေါက်ပြီး တစ်ခေါက်
ဘာဖြစ်ရင် ဘာလုပ်
လော့ဂျစ်ရှိပြီးသားဆိုပေမဲ့
ဘာဖြစ်မှန်းကို မသိ
ချမ်းဆဲ တုန်ဆဲ
၉၉ ၁၀၀
လူ့ စွမ်းအား အရင်းအမြစ်တစ်ခုပါ
အလုပ်တွေ လုပ်ရပါဦးမယ်…
အရော် အစား အရမ်းကြီးတဲ့
ကစားပွဲတွေ
စက္ကန့်နဲ့ အမျှ…
ရေကတိမ်တိမ်လေးပေမဲ့
နှစ်လည်း နှစ်နိုင်ရဲ့…
Reasonable Decision Making…
ဒီမှာ ကမ္ဘာမြေ ကြီးရဲ့…
တာရာမင်းဝေရဲ့
အရှေ့မြို့ ရိုးက မိုးရေစက်များမှာ
အကြိမ်ကြိမ် ရွှဲရွှဲ စိုဖူးတဲ့ ကျွန်မ
အခု ရှင့် ကို လိုင်နာ တစ်ယောက်လောက်
တီထွင်ခိုင်းချင်လို့……….။

In: ကဗျာ Posted By: Date: Aug 16, 2011
Comment #1

နေမကောင်းတုန်းက ဖြစ်မိတဲ့ အတ္တ လေးပါ….

commentinfo By: nwenyeinaye at Sep 1, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment