Professional Authors

မမေ့နိုင်သော သည်ချိန်သည်နေ့

“ဒေါင်!”
နာရီစင် မှ နာရီသံ ကြားလိုက်ရသည်နှင့် မီးရှုးမီးပန်းများစွာ ကောင်းကင်ရံတွင် ဖြာကျဲလျက်…
ဗျောက်အိုးသံ မီးပန်းသံနှင့် လူငယ်တို့၏ happy new yearအော်သံများက မိုးထက်သို့ လွင့်ပျံထွက်သွားလျက်…
ဤအချိန်သည်ကား ဒီဇင်ဘာ ၃၁တစ်ရက်မှ ဇန်န၀ါရီ ၁ရက်နေ့သို့ ကူးချိန် နှစ်သစ်တစ်ခုသို့ ကူးပြောင်းချိန်…
လူငယ်များစွာ လမ်းများ ဟိုတယ်များ ကမ်းခြေများ ကန်ဘေးများ နှင့် ကမ်းနားလမ်းများတွင် ပျော်ရွှင်ကခုန်ပျော်ပါးလျက်…
တစ်ချိန်က…
သည်သို့ပင် သည်နေ့သည်နာရီတွင် ကောင်းကင်ရံတွင် မီးရှုးမီးပန်းများ ဖြာကျဲခဲ့ဖူးသည်…
သည်သို့ပင် ဗျောက်အိုးသံ အော်သံ မီးပန်းသံများ မိုးထက်သို့ လွင့်ပျံသွားခဲ့ဖူးသည်…
သည်သို့ပင် သည်နေ့သည်နာရီတွင် လူတစ်ချို့ ပျော်ပါး မူးရူး ကခုန်ခဲ့ကြဖူးသည်…
သည်နေ့သည်နာရီတွင် လူများစွာတို့ ငိုကြွေးခဲ့ဖူးသည်…
ခုနှစ်သည်ကား ၁၈၈၆ နေ့ရက်သည်ကား ဇန်န၀ါရီ ၁ရက်…
တိမ်ပါးပျောက်ကွယ်နေသော မြန်မာ့သမိုင်းပန်းချီမှ အမဲစက် တစ်ခု…
ဘားမားဟုသူတို့ခေါ်သော မြန်မာနိုင်ငံ ကျွန်ုပ်တို့ မွေးဖွားရာ အမိနိုင်ငံ ၀ိတိုရိယ ဘုရင်မကြီးထံတွင် ထိုးအပ်ခြင်းခံရသော…
ကျွန်ုပ်တို့ဘိုးဘွားများအား ကျွန်အဖြစ် ၀ိတိုရိယ ဘုရင်မကြီးထံ ထိုးအပ်ခြင်းခံရသော…
မြန်မာနိုင်ငံ နှင့် နိုင်ငံသားများ ကျွန်ဘ၀ရောက်သည့်နေ့…
သည်နေ့ သည်နာရီတွင် မြန်မာ တစ်မျိုးသားလုံး၏ မျက်ရည်မြေခခဲ့ရသည်…
သည်နေ့ သည်နာရီတွင် မြန်မာ သူရဲကောင်းတို့ သူ့ကျွန်မခံဟု ကြွေးကြော်ရင်း အဆုံးစီရင်ကာ သွေးမြေခခဲ့ရဖူးသည်…
သည်နေ့ သည်နာရီတွင် သက်ကြီးရွယ်အိုများ အမျိုးကောင်းသမီးများနှင့် ကလေးသူငယ်များ သွေးပျက်တုန်လှုပ် ခြောက်ခြားခဲ့ရဖူးသည်…
ထိုနေ့သည်ကား ဇန်န၀ါရီ ၁ ရက်နေ့ new year နေ့…
new year ပွဲတော်ကို လူငယ်များ ကျင်းပဆင်နွှဲတိုင်း…
၁၈၈၆ခု ဇန်န၀ါရီလ ၁ ရက်နေ့၏ အဖြစ်ဆိုးကြီးများနှင့် ကခုန်ပျော်ပါးကြသော တိုင်းတစ်ပါးသားများအား ကျွန်တော့် မျက်ဝန်းထဲတွင် သွေးဖြင့်ရေးသော ပန်းချီတစ်ချက်ပမာ ပြန်လည် မြင်ယောင်ရင်း…

ချိုဦးဝေ(နန်းဦး)
31.12.13

မြန်မာ့သမိုင်းကြောင်းမှ ဇန်န၀ါရီ ၁ ရက်နေ့ အကြောင်းကို လူငယ်များ ဗဟုသုတ ရစိမ့်သောငှာ တင်ပြ ရေးသားအပ်ပါသည်။

In: ဆောင်းပါး Posted By: Date: Dec 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment