Professional Authors

စင်စစ် ကျောက်ရုပ်

ပြောပါ .
ငါ့ရဲ့ အလင်းမဲ့ ရပ်ဝန်းအောက်
မနေလိုတော့ရင်
သမင်ပျို အကြည့်နဲ့ လည်ပြန်လို့ 
ပါးပါးလေးတောင် မကြည့်နဲ့ 
ဖ၀ါးပါး နဲ့ နှလုံးသား ကို နင်းဖြတ်လို့ သွားပါလေ ၊၊           ၊၊

ဒီပုံပြင် အိုခဲ့သလား
ပြောစမှတ် တွင်တာထက်
နှလုံးထက် တင်ကျန်ခဲ့သလား
ပြောပါ
ငါ့ရဲ့  ခွန်အားမဲ့ ရင်ထဲ
မနေလိုတော့ရင် 
သနားလိုတဲ့ မျက်နှာဖုံး အလှမသုံးပါနဲ့ 
အမြဲတမ်း နိမ့်နေသူ က လှံစိုက်ခံချင်တတ်တယ် ၊၊        ၊၊

ဝမ်းသာ ၀မ်းနည်း ရောတဲ့ မျက်ရည်နဲ့ 
ပေးအပ် တဲ့ သရဖူ နှင်းပွဲ 
ငါ့ သခင်  နင် ဘွဲ့ ခံ ထိုက်သူပါ
သမင်အိုလို ဂျို ကို အလှမမြင်ပါနဲ့ 
အလှက ဘ၀ ကို ဖျက်တတ်လို့ 
ပြောပါ
ငါ့ရဲ့ လှပခြင်း ကင်းတဲ့ ဘ၀ထဲ
မနေလိုတော့ရင်
ရွှေရောင်တောက်နေမဲ့ နင့်အနာဂတ် ဟာ
နင့် ရဲ့ အလှ ပကတိ စင်စစ် ပေမို့ 
မျောက်သားစားချင်သူ
မျောက်မျက်နှာကို လှစ်ခနဲ တောင် မကြည့်ပါနဲ့  ၊၊               ၊၊

ငါ နင့်ကို တကယ်ချစ်ခဲ့တာပါ လို့ 
လိမ်ပါ   
မုသား စစ်စစ်နဲ့ ထု တဲ့ ပန်းပု ရုပ်
ငါ့ လိပ်ပြာ နုနု မှာ ပန်းပွင့်တယ်
ပြောပါ
ငါ့ရဲ့  အချစ်တွေနဲ့ မလုံလောက်တတ်ရင်
တစ်ခါတစ်ရံ ကျတော့ လဲ အချစ်ကြောင့်အမှန်ထင်
အချစ်ကြီးသူတွေက ရှုံးတတ်တယ် ၊၊          ၊၊

အဲဒီလူက ငါ့လို အရှုံးခံ ချစ်နိုင်လို့ လား
ကံကိုယုံသူ နင့်အပေါ် ဆူး စူး မှာ စိုးမိလို့ ပါ
ချစ်ဖူးသူ ငါ့အတွက် ဆောင်းခဲ့သမျှ သရဖူ
သူ့ အတွက် ဖြစ်သွားမှာ စိုးမိလို့ ပါ
ပြောပါ
နင့် လိုအပ်ချက် မြူမှုန်က အစ   
ခြေရာကောက် လိုက်ဖြည့်ဆည်းနေသူမို့ 
အမြဲတမ်း ပေးနေရသူ င့ါအတွက်
အယူ ဆိုတာ မလိုလား တတ်တော့ဘူး ၊၊              ၊၊

ချိန်ရွယ်နေစရာမလိုပါဘူး
ပစ်ကွင်းမှာ အသေချိပ်ဆွဲထားတဲ့ ပစ်မှတ်ကငါလေ
ထစ်ချုန်းမိုးသွားရာ ကံဆိုးကောင် လိုက်ခဲ့မိသမျှ  . . . .
နင် အတိတ်မှာ ချဲ ခဲ့ သမျှ မိုး
ကံ ကံ၏ အကျိုး
နင့် လက်ရှိ ကို  မိုး မိ မှာ ကြောက်မိလို့ ပါ
ပြောပါ
အနိုင်လိုချင်သူ အတွက်
အရှုံးပေးခြင်း ရလာဒ်တစ်ခု ကို
ငါ့ စာမျက်နှာအစ မာတိကာ ကတင်
နင် မြင်နိုင်တယ် ၊၊               ၊၊

နင် ဟန်ဆောင်တတ်သူတို့ အကြောင်းသိလား
နာကျင်ခြင်းတွေ ကြားက ပြုံးနေခဲ့တာ
အဲဒါ ဟန်ဆောင်တတ်သူ ပေါ့
အမှန်တွေကို အိပ်မက်တွေပါလို့ ငြင်းတာ
အဲဒါ ဟန်ဆောင်တတ်သူ ပေါ့
ရက်စက်ခြင်းတွေကြားက ကြည်နူးတတ်ခဲ့တာ
အဲဒါ ဟန်ဆောင်တတ်သူ ပေါ့

ရမက်ကင်း ချစ်ခြင်းဆိုတာ
အဖြူရောင် နှလုံးသား  ချဉ်ခြင်း တတ်ရာက စတယ်
သွယ်ဝိုက်သော လမ်းတိုင်းအတွက်
တခဏ စာ ဆုံဆည်းခွင့်ပေးခြင်း ဟာ
ကံကြမ္မာ ရဲ့ အခွင့်အရေး ပဲ ဖြစ်တယ်
ဘယ်လောက်ပဲ လှပနေပါစေ
မလိုလားခဲ့သော  အိမ်မက်ရောင်ခြယ် နတ်သမီး
နင့်ရဲ့ “ အဆုံးအဖြတ် ” ပဲ ဖြစ်တယ် ၊၊            ၊၊

ကျေးဇူးပြုပြီး
နင့်ရဲ့ စိတ် အမှန် နဲ့  ငါ့ကို မုန်းပါ
နင့်ရဲ့ စိတ် အမှန် နဲ့  ခြားနားပါ
နင့်ရဲ့ စိတ် အမှန် နဲ့  ဆုံးဖြတ်ပါ

တစ်ဘ၀လုံးစာအတွက်
ငါ့ရဲ့ တစ်ခုတည်းသော တောင်းဆို ချက်
ငါ သေပါမှ နင် သိရလိမ့်မယ်  ၊၊               ၊၊

လမင်းဇော်
([email protected])

In: ကဗျာ Posted By: Date: May 24, 2011
Comment #1

ကျေးဇူးပြုပြီး
နင့်ရဲ့ စိတ် အမှန် နဲ့  ငါ့ကို မုန်းပါ
နင့်ရဲ့ စိတ် အမှန် နဲ့  ခြားနားပါ
နင့်ရဲ့ စိတ် အမှန် နဲ့  ဆုံးဖြတ်ပါ

တစ်ဘ၀လုံးစာအတွက်
ငါ့ရဲ့ တစ်ခုတည်းသော တောင်းဆို ချက်
ငါ သေပါမှ နင် သိရလိမ့်မယ် ၊၊ ၊၊

ခံစားချက်ချင်းတထပ်တည်းပဲ…အားပေးသွားပါတယ်….။

commentinfo By: terry at May 24, 2011
Comment #2

ကိုတယ်ရီ ရေ . . .အခုလို အားပေးသွားတဲ့ အတွက် ကျေးဇူးနော် . . .ကိုတယ် ရီ့ ကဗျာတွေကို စောင့်မျှော် အားပေးနေပါတယ် လို့  🙂

commentinfo By: လမင်းဇော် at May 24, 2011
Comment #3

ကျေးဇူးပြုပြီး
နင့်ရဲ့ စိတ် အမှန် နဲ့  ငါ့ကို မုန်းပါ
နင့်ရဲ့ စိတ် အမှန် နဲ့  ခြားနားပါ
နင့်ရဲ့ စိတ် အမှန် နဲ့  ဆုံးဖြတ်ပါ

တစ်ဘ၀လုံးစာအတွက်
ငါ့ရဲ့ တစ်ခုတည်းသော တောင်းဆို ချက်
ငါ သေပါမှ နင် သိရလိမ့်မယ် ၊၊ ၊၊
အားပေးသွားတယ်နော်……။

commentinfo By: နှင်းဖွေးလေး at Jun 29, 2011
Comment #4

great,,,,
great,,,,
great,,,,
plz maka a choice for life.

commentinfo By: ei lay at Aug 6, 2011
Comment #5

nin ye sate a hman ne nga ko chit par.
nin ye sate a hman ne nga ko lat twe khaw par,.
nin ye sate a hman ne sone phyat par.

if so,,,better.

commentinfo By: ei lay at Aug 21, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment