Professional Authors

အသေများနဲ့ ဖာထေးခြင်း ၃

တမလွန်မှ စာရေးခြင်း (သို့) ပေးပို့စာ

 

အေးခဲနေသော ဖန်ခွက်ထဲ

ရေနွေးလောင်းထည့်လိုက်သလို

“ကရက်” ခနဲ စုတ်သတ်လို့

မေတ္တာတစ်ခွက် ၊ ငါ့လက်နဲ့ ရူးသွပ်ခြင်း

ခံစားချက်များ ပူ လိုက်တာ

 

စကားလုံးတွေနဲ့ ပြုစား

မင်း ရဲ့ ထားရာနေ စေ ရာသွား

မာယာထောင်ချောက်ထဲက လူသား…ဒီကောင်က

ချာ တူး လန် ခွက်တွေ သောက်ခဲ့ရပေါင်းများပြီ

 

ဘာကို ခင်းပြီး

ဘာကို ရင်း မှ မင်းက နင်း ချင်တာလဲ

ခါးသီးခြင်း ပြွတ်သိပ်ညှပ်မှုတွေကြား ငါ့ကို ဆွဲထုတ်ပေးကြပါတော့

 

အလင်းများကို ထိန်ချန်ရေးသားထားတဲ့ အကြောင်း

မိုက်တွင်းနက်နက် အရင် ရက်တွေ

မှန်တစ်ချပ်လို မကြည့်ချင်တော့ဘူး

ဘဝက ဒီလို ထွန်းညှိခံဖို့မှ မဟုတ်ဘဲ

 

လောင်စာ တနင့်တပိုး သယ်ပိုးခဲ့ရသော မီးတောက်ပြဇာတ်မှာ

မင်းကတော့ လင်းလို့

ဒဏ်ရာတထောင်းထောင်းထနေတဲ့

ပန်းချီကားချပ်ကို ပွေ့ဖက်

မင့် ရယ်သံနဲ့ ကစ်တိုက်ကြည့်တော့

ငါ ဆိုတဲ့ကောင်က

အနက်ရောင်တွေ လက် ထလာတယ်

ဆောင့် ကန်ခံလိုက်ရတဲ့ ရင်ဘတ်ကို မေ့ဆေးထိုးပေးပါ

 

အနှေးနဲ့ အမြန်ပေါ့

ကျိန်စာတွေရဲ့ ဒဏ်က လွတ်ဖို့ရာ

တစ်စုံတစ်ရာအတွက်နဲ့ ရှင်သန်နေမှုကို

လတ်စသတ်ဖို့ ထ ထွက်သွားတဲ့ငါ့မှာ

အရှိန်ပြင်းပြင်း ကန့်လန့်ကာတစ်စင်းဆီ

ခုတ် မောင်းဝင်သွားခဲ့တဲ့ ငါ့ မှာ

အိပ်စက် ငြိမ်သက်ခြင်းတွေ လင်းခဲ့ပြီ ။     ။

 

                                                               စုန်းပြူး

 

 

ဟဲလို မစ်စတာ တမလွန်

 

ကျွှီဒုန်းဝုန်းဒိုင်း အိပ်မက်မက်နေတဲ့ကောင်လေးကို

လန်ခရူဇာ နတ်သမီးက သနားပြီး

ဝင်တိုက်ပေးလိုက်တာ

သေရော…

ရင်ပွင့်ပြီးမှ

In: ကဗျာ Posted By: Date: May 27, 2012
Comment #1

နွေခေါင်ခေါင်မှာ
ဦးထုပ်မပါ ခြေဗလာနဲ့
လျှောက်သွားနေတဲ့ ကောင်လေးကို
မိုးနတ်သမီးက အမြင်ကတ်လို့တဲ့
မိုးရေတွေ လောင်းချပစ်လိုက်တာ
သေရော
အပူရှပ်ပြီးမှ

commentinfo By: sone.pyuu at May 27, 2012
Comment #2

ဗိုက်ချာနေတဲ့ စုန်းပြူးလေးကို
တနားလို့တဲ့
ဂျူးအချုပ်ပရုပ်မ က
ဟမ်ဘာဂါရယ် ပီဇာရယ် ကြက်ဆီထမင်းရယ် မုန့်တီရယ် သရက်သီးရယ် ဆူရှီးလိပ်ရယ် အာလူးကြော်ရယ်
နင်းကန်ခွံ့ကျွေးပရိုက်တာ
တေရော
ချားပိုးနင့်ပီးမှ

commentinfo By: sone.pyuu at May 27, 2012
Comment #3

ဟဲလို မစ်စတာ တမလွန်

ကျွှီဒုန်းဝုန်းဒိုင်း အိပ်မက်မက်နေတဲ့ကောင်လေးကို

လန်ခရူဇာ နတ်သမီးက သနားပြီး

ဝင်တိုက်ပေးလိုက်တာ

သေရော…

ရင်ပွင့်ပြီးမှ ( တော်တယ်…..လန်ခရူဇာမှရွေးလို့=- :P)

commentinfo By: May Kha at May 27, 2012
Comment #4

ကိုစုန်းပြူး..
ကဗျာက တော်2ကောင်းတယ်…
ယူထားတဲ့အတွေးလည်းကောင်းတယ်
သုံးထားတဲ့စာလုံးတွေလည်းမိုက်တယ်။

commentinfo By: poem.poem28 at May 27, 2012
Comment #5

အမှန်အတိုင်းဝန်ခံရရင် ကိုစုန်းပြူးရဲ့ကဗျာတွေကို
ကျွန်တော် ကောင်းကောင်းမွန်မွန် မဖတ်ခဲ့ဖူးဘူးဗျ
ဒီလောက်တော်နေလိမ့်မယ်လို့လဲ ထင်မထားဘူးဗျာ

လောင်စာ တနင့်တပိုး သယ်ပိုးခဲ့ရသော မီးတောက်ပြဇာတ်မှာ
မင်းကတော့ လင်းလို့
ဒဏ်ရာတထောင်းထောင်းထနေတဲ့
ပန်းချီကားချပ်ကို ပွေ့ဖက်
မင့် ရယ်သံနဲ့ ကစ်တိုက်ကြည့်တော့
ငါ ဆိုတဲ့ကောင်က
အနက်ရောင်တွေ လက် ထလာတယ်
ဆောင့် ကန်ခံလိုက်ရတဲ့ ရင်ဘတ်ကို မေ့ဆေးထိုးပေးပါ

နောက်နောင်မှာလည်း ကျွန်တော် အားပေးနေဦးမယ်

လေးစားစွာဖြင့် . . .
ကိုသျှား

commentinfo By: ကိုသျှား at May 27, 2012
Comment #6

he,,he,,
really nice,
really thz u so much.
i m so much happy after reading this wonderful poem.

commentinfo By: ei lay at May 28, 2012
Comment #7

ဘာကို ခင်းပြီး

ဘာကို ရင်း မှ မင်းက နင်း ချင်တာလဲ

ခါးသီးခြင်း ပြွတ်သိပ်ညှပ်မှုတွေကြား ငါ့ကို ဆွဲထုတ်ပေးကြပါတော့

အလင်းများကို ထိန်ချန်ရေးသားထားတဲ့ အကြောင်း

မိုက်တွင်းနက်နက် အရင် ရက်တွေ

မှန်တစ်ချပ်လို မကြည့်ချင်တော့ဘူး

ဘဝက ဒီလို ထွန်းညှိခံဖို့မှ မဟုတ်ဘဲ

လောင်စာ တနင့်တပိုး သယ်ပိုးခဲ့ရသော မီးတောက်ပြဇာတ်မှာ

မင်းကတော့ လင်းလို့

ဒဏ်ရာတထောင်းထောင်းထနေတဲ့

ပန်းချီကားချပ်ကို ပွေ့ဖက်

မင့် ရယ်သံနဲ့ ကစ်တိုက်ကြည့်တော့

ငါ ဆိုတဲ့ကောင်က

အနက်ရောင်တွေ လက် ထလာတယ်

ဆောင့် ကန်ခံလိုက်ရတဲ့ ရင်ဘတ်ကို မေ့ဆေးထိုးပေးပါ

ကွန်မန့်ကြီး ရှည်သွားရင်တော့ ဆောရီးဗျာ…. ချန်ထားခဲ့လို့ မရလို့ဗျ…
ကဗျာတော်တော်ကြိုက်မိတယ် ကိုစုန်းပြူး….. မိုက်တယ်

လေးစားလျက်
နိုးဆက် နေ့

commentinfo By: n$n at Jan 19, 2013
Comment #8

nice. so NICE

commentinfo By: ရင်ဝှက်ပန်း at Jun 2, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment