Professional Authors

သည်နေ့

ဟိုတုန်းက

ဒဏ်ရာတွေ.. ရယ်မောခြင်းတွေ

ပြန်မလာ ပြန်မရောက်

သင်ခန်းစာတွေ ပိုပိုများ

ထားခဲ့ရပြီ…………..

 

မနက်ဖြန်ဟာ

ဘူတာကိုဝင်မလာသေး

အပူနဲနဲပေး လိုက် သင့်ဦးနှောက်ကို

အိပ်မက်လှလှမက်ကြည့်

ကြက်ခြေခတ်တို့ လျော့ပါစေ………

 

သည်နေ့

ပစ္စုပ္ပန်တည့်တည့်ရပ်

အဖြူရင့်ရင့်နှလုံးသားနဲ့

အကောင်းဆုံး ကစားပြလိုက်

သည်တစ်နေ့ဟာ ထပ်တူမရှိဘူး…………

In: ကဗျာ Posted By: Date: Aug 25, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment