Professional Authors

မ နဲ့ စတွေ့ သည်တစ်နေ့

မေ့လို့မရ သည်ဘ၀၀ယ်
ချမ်းအေးကဲပို လပြာသိုထဲ
မ နဲ့စတွေ့ သည်တစ်နေ့။
စတွေ့သည်နေ့ လွန်ပျော်ပေ့ဟု
စကားဖောင်ဖောင် ပြောသောမောင်ကို
ကြက်တူရွေးလား ထင်ယောင်မှား။
ချစ်တာမုန်းတာ မထည့်ပါဘဲ
ဖြူစင်မေတ္တာ ခိုင်မြဲစွာဖြင့်
ရှေ့ဆက်ခဲ့ကြ တို့ဘ၀။
တောတောင်ရေမြေ ခြားလို့နေလဲ
ဆက်သွယ်မပြတ် နေ့နေ့ဆက်၏။
ချမ်းချမ်းအေးအေး သည်လလေးဝယ်
ချမ်းအေးသည့်ဒဏ် မကြည့်ပြန်ဘဲ
မနဲ့တွေ့ရေး အမြဲတွေး…..။
အခြေနေရ မတွေ့ရလို့
ခွဲရသော်ငြား နေစိမ့်သားလည်း
စိတ်ချင်းနီးစပ် နေရခက်၏။
နေ့နေ့ညည ငိုခဲ့ရလို့
မျက်ရည်ခမ်းခြောက် မတစ်ယောက်တွက်
ရေးစပ်သီကုံး ကဗျာတစ်ပုဒ်လုံး။         ။
မောင်ပညာ ( ကေတုမတီ )

In: ကဗျာ Posted By: Date: Nov 22, 2010
Comment #1

so much good,

commentinfo By: ei lay at Aug 23, 2011
Comment #2

🙂

commentinfo By: ei lay at Mar 5, 2013
Comment #3

ကျပ် ဟ ရယ်ရတယ်နော်

commentinfo By: အလွမ်းမင်းသား at Mar 5, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment