Professional Authors

ဒီဇင်ဘာအလွမ်း

ဆောင်းနှင်းအေးအေး

မြောက်ပြန်တွေးတော့

ရင်ထဲမချည့်

သဲထဲနာကျင်

ဘယ်ခါမမေ့

သည်တစ်နေ့…

ရက်ကုန်လကူး

လတွေမြူးခဲ့

နှစ်ဦးဖန်ဖန်

လည်သောခါလည်း

မမေ့ရင်မှာ

သည်နေ့သည်အခါ… 

ဒီဇင်ဘာနှင်း

မြောက်လေတွေးချိန်

ဘယ်ရပ်ဌာနေ

မင်းနေသည်မသိ

ရင်မှာမင်းရှိ

မေ့ဖို့အထိတော့

ငါ့မှာမစွမ်းသာ

ဟေမာန်ရာသီရပ်ဝန်းမှာ။ ။


In: ကဗျာ Posted By: Date: Dec 28, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment