Professional Authors

ဝတ်မှုန့်သခင် – နရီထက်

ပန်းတခင်းနှယ်
လေလွင့်ထုံသင်း
ဖော်စုံယှဉ်တွဲ
လိပ်ပြာလူးကူး
ရောင်စုံမြူးထူး
ရှုမျှော်လှကြွေ
ချစ်ရာကမ္ဘာ့တွေး
ငါတို့အလှ
မြင်စမ်းပါဘိ
ပန်းတခင်းရယ်

မီးထိုးဖလံ
ပုပ်လူးတုံးပိုး
ပန်းဖျက်ကိုက်ပိုး
မဟုတ်ရပါ
အတ္တကမ္ဘာနဲ့
ဝတ်မှုန်သိမ်းပိုက်
နယ်ချဲ့မယ့်သူ
မဟုတ်ကြောင်းပါ

ဖြာကူးယှက်ဖြာ
ဝတ်မှုန်ပျံ့ပွား
အလှကမ္ဘာ
တိုးကြောင်းရည်ထူး
ချစ်စရာ့အတိနှင့်
ငါတို့အလှတွေ
မြင်စမ်းပါဘိ
ပန်းတခင်းရယ်

ရောင်စုံကွဲပြား
တောင်ပံဖြာယက်
ငေးမှိန်မိုက်မော်
ရန်သူဆွေချင်း
ဘ၀င်မခိုက်
သည်းခြေအကြိုက်
မလုပ်သာဘိ
ငါတို့အလှတွေ
မြင်စမ်းပါဘိ
ပန်းတခင်းရယ်

လေလှိုင်းပြုစား
မကောင်းသတင်း
သယ်ယူဖြန့်ဝေ
ပျက်ရာစေဖန်
အမုန်းနယ်ချဲ့
မှောင်ကျစိုးမိုး
ကမ္ဘာပျက်ကြေ
ဖြစ်တည်စေကြောင်း
မဟုတ်စေရာ
ငါတို့အလှတွေ
မြင်စမ်းပါဘိ
ပန်းတခင်းရယ်

လေညင်းမွှေးလူး
ပန်းတွေပွင့်စေ
အလှတိုးဝေ
ဖော်တစ်သိုက်နဲ့
ရောင်သွေးစုံဖြာ
ချစ်မက်စရာ
လွင့်ကူးပျော်ပါး
ချစ်စရာ့အတွေး
ရှင်သန်စေမျှော
ဝတ်မှုန်စီခင်း
ပန်းတသင်းရယ်

ပြုံးပန်းတစ်ရာ
ကမ္ဘာငယ်အား
အလှဆင်မယ်
ငါတို့အတူ….။     ။

နရီထက်
( ၂၄ ၊ သြဂုတ်လ ၊ ၂၀၁၂ )

In: ကဗျာ Posted By: Date: Jul 26, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment