Professional Authors

အလှသခင်

ယဉ်လှအပြုံး
ပိတုန်းရောင်ခြယ်
ဆံနွယ်ကေသာ
လေမှာပျံဝဲ
နီရဲနှုတ်ခမ်း
လဆန်းမျက်ခုံး
မျက်လုံးသမင်
ပါးပြင်ပန်းနု
ဖွေးဥသားရောင်
ပြောင်လက်သောသွား
အလှများဆုံ
ပြည့်စုံကြွယ်ဝ
နှမတော်ငယ်
မြသက်လယ်သည်
လမ်းလည်၍သာ
ဒေ၀ါဘုံမှ
လူ့ဘ၀သို့
ရောက်လို့လာခဲ့
ဖြစ်ခဲ့တန်၏
တွေးမိပါစ
အလှသခင်…

ချိုဦးဝေ(၁၄.၁.၂၀၁၃)

In: ကဗျာ Posted By: Date: Jan 31, 2013
Comment #1

Wow…

commentinfo By: ei lay at Jan 31, 2013

Leave Comments

Name*

Email*
Website
Email me whenever there is new comment