Professional Authors

Oishi Pillows ကြော်ငြာ၊ ၀တ်မှုန်ရွှေရည်လေသံနဲ့ … ဘယ် လို ပြော ရ မ လဲ ဆို တော့

ခင်ဗျားရင်ဘတ်မှာ တံဆိပ်အ၀ိုင်းလေး ချိတ်ချင်လား ၊ ကျုပ်ကတော့ ချိတ်ချင်ချင်ဗျ ။ ခပ်ချဉ်ချဉ်နည်းနည်းဖြစ်မယ် ။

ဒါနဲ့ ဘ၀ကြီးက နေပျော်မှာပါ ။

လမ်းမှာ တွေ့တဲ့ ကောင်မလေးတစ်ယောက်ကို

ခေါင်းခေါက်လိုက်၊ ဖက်နမ်းလိုက်၊ နဘန်ကျင်းလိုက်၊ ကျောသပ်ပေးလိုက် ၊

ပြီးရင်….ကျုပ် ဘာတွေ လုပ်မိမှန်းမသိပါဘူးဗျာ လို့ ပြော ။ ကဲ…. မမိုက်ပလာူး ။

အိပ်ရာသိမ်းစရာ/ ပန်းကန်ဆေးစရာ/ E-book လုပ်စရာ/ ကားဟွန်းတီးစရာ/ KTV သွားစရာ/

ဖုန်းအားသွင်းစရာ/  ဆံပင် သစရာ/ ဘုရားဖူးစရာ/ ခွေးမွေးစရာ မလိုဘူး ။

လက်သီးလက်မောင်းတန်းပြီး တစ်ခွန်းထဲ အော်ပစ်လိုက် ။ ကျုပ်က …. နေတာလို့။

ပုဆိုးမပါဘဲ လျှောက်ပြေးချင်ပြေးဦး ၊ အိမ်ထဲမှာပဲ ပုဆိုးဝတ်ပြီး ငြိမ်ငြိမ်ကလေး ထိုင်နေပါလို့ မပြောဘူး။

ပန်းပင်ကလေးတွေ ရေမလောင်းချင်မလောင်းနဲ့ ၊ ယမမင်းကြီးဆီမှာ ဆုတောင်းဖို့ မတိုက်တွန်းဘူး။

ဒါနဲ့ ဘ၀ကြီးကနေပျော်မှာပါ၊ ကဲ…မမိုက်ပလား ။

ဘယ်သူလစ်လစ် ခင်ဗျားတို့ မလစ်ရင်ပြိးရော၊ ဒါမှ ဂရု တောင့်မှာ ။

နေ့ခင်းကြောင်တောင် လသာနေရင်တော့ အကြီးမားဆုံးခြစားမှုကြီးပဲ၊ မျက်နှာအဆီပြန်နေဖို့လိုမယ်။

ဒါလည်း … သိပ်ကိစ္စမရှိပါဘူး ။ ကျုပ် ဘာတွေ လုပ်မိမှန်းမသိပါဘူး လို့ပြောလိုက် ။

တံဆိပ်အ၀ိုင်းကလေးတော့ မမေ့နဲ့ ။ အူတက်ပြီးလဲသေသွားတဲ့ မသာတွေ တွေ့ရင် မျက်လုံးလေး ပေလကပ် ပေလကပ်(ဆောရီး)ပေကလပ် ပေကလပ် လုပ်နေလိုက် ။

ခင်ဗျား မို့လို့နော်။ မြတ်မြတ်နိုးနိုးချစ်လို့ပေးတာ။ ရော့….ခေါင်းထိုးဖို့ ယပ်တောင် ။

လည်ပင်းမှာ ဆွဲတဲ့ နို့ဆီခွက်တွေလည်း update ဖြစ်ပလေ့စေ ။ အခု Version 4.1.3 ထွက်နေပြီ ကြားတယ် ။ လုပ်ထားဦး ။

တော်ကြာ…နည်းနည်းပဲ ရ တယ် ထင်သွားမယ်။

ခပ်ချဉ်ချဉ် ဖြစ်လာပြီဗျာ ။ ဆိုက်ကားမမီမှာ စိုးနေလား ၊ နေဦးဗျ ၊ အမှတ်တရ ချိတ်ထားဖို့ တစ်ပုံလောက်တော့ စွန့်ကြဲသွားဦး ။တံဆိပ်အ၀ိုင်းကလေး ရယ်။ ကဲ … မမိုက်ပလား ။

ပြောင်းဖူးဖုတ်တော့ ကြိုက်ရမယ် ၊ ဟိုလူက ပေါတာကြီး ၊ ဒီလူက ဆန်ကုန်မြေလေးကြီး ၊ ရဲရဲဖွင့်ချ ၊ ရဲရဲဖွင့်ထုတ် ….

များများပြောပေး ကျုပ် ဘာတွေ လုပ်မိမှန်းမသိပါဘူး လို့ ။

ဒီလောက်ဆို ခငဗျားလည်း ချိတ်ချင်ချင်/ခပ်ချဉ်ချဉ် ဖြစ်လောက်ရောပေါ့ ။

တခုပဲ…လိုအပ်ရင် ငါးမိနစ်အတွင်းပြန်ကောင်းနိုင်ရမယ် ၊ တံဆိပ်အ၀ိုင်း ၊ ဒါနဲ့ ဘ၀ကြီးက အလွန်နေပျော်ပါတယ် ။

 

———————————————————————–         ဟိန်း(26.7.12)

In: ကဗျာ Posted By: Date: Oct 18, 2012

Leave Comments

Name*

Email*
Website
Email me whenever there is new comment