Professional Authors

ဆန့်ကျင်ဘက်

နှလုံးသားကို ဦးစားမပေးတတ်တဲ့ငါ
အချစ်ဆိုတာကို မယုံကြည်တတ်တဲ့ငါ
အထီးကျန်မှုကို နှစ်သက်တတ်တဲ့ငါ
လူတစ်ယောက်အတွက် စဉ်းစားဖို့အချိန်မပေးချင်ခဲ့တဲ့ငါ
လွမ်းဆွေးမှုဆိုတာ အပိုအလုပ်တွေပါလို့ ဟစ်ကြွေးတတ်တဲ့ငါ
အချစ်ဆိုတာ ဘ၀လောက်အရေးမပါဘူးလို့ အမြဲပြောတတ်တဲ့ငါ
အသည်းကွဲတယ်ဆိုတာ မိုက်မဲခြင်းတစ်မျိုးပါလို့ ယူဆခဲ့တဲ့ငါ
ကဲ…….ခုတော့ ဘယ်လိုလုပ်မလဲ
မင်းကြောင့်
ငါ့နှလုံးသားကလည်း ငါ့ဦးနှောက်ကို ဆန့်ကျင်
အချိန်တိုင်းမင်းပုံရိပ်က စိုးမိုး
နေ့စဉ်တမ်းတ လွမ်းလျနေမိတဲ့ငါ
မင်းပုံရိပ် ၊ မင်းစကားသံတွေကပဲ
နေရာတိုင်းမှာ စိုးမိုးနေတော့
ငါ့ကိုယ်ငါ ပြန်ကြည့်ဖို့တောင်
ငါကြောက်ရွံ့လာမိရဲ့…..
စိုးမိုးနိုင်လွန်းတယ်…..ချစ်သူရယ်…..

In: ကဗျာ Posted By: Date: Nov 30, 2011
Comment #1

he,,he,,
tu tu pe.
chit lun loh phyit twar tar par,
ei lay ka dot kyauk par bu,,,
koh chit thu ko pe myin myin nay tar kyat ta yae taung shi tay de,he,,h,,
tway mi tine le pyaw de,

commentinfo By: ei lay at Nov 30, 2011

Leave Comments

Name*

Email*
Website
Email me whenever there is new comment